အခန်း ၇၅ unicode

2.4K 175 6
                                    

"ဘာဟင်းစားမလဲ ဝါ၊ ငါးပိချက်ကတော့ မစားနဲ့နော်၊ သွေးတွေတိုးမယ်"

"အင်းပါကွယ်၊ ဒီ ကြက်ဥချက်နဲ့ အရံဟင်းက ပဲသီးချက်ပဲပေးပါ"

"အရံဟင်းက နှစ်မျိုးရမယ်အမ"

"ပဲစားပါလား"

"ဟုတ် အဲတာပဲပေးနော်ညီမလေး"

ဆေးပြပြီးအပြန် အိမ်အထိမစောင့်နိုင်တော့လို့ မြို့အထွက်မှာတင် ဝင်စားဖြစ်သည်။ ငါးပိဆို ချက်ချက်၊ ကြော်ကြော် ကြိုက်တဲ့သူက အခုဆို ရှောင်နေရပါ၏။

"လုံးနေတာပဲဗိုက်က၊ ကျွန်တော်ပြောပါတယ် ယောကျာ်းလေးပါဆို"

"အို တိုက်ဆိုက်သွားလို့နေမှာပါ"

"မဟုတ်ပါဘူး ပြီးတော့ ဝါ့ရင်တွေကလည်းထွားမလာတော့.."

"ကဲ တော်ပြီ၊ ဒါပဲ ထပ်တလဲလဲပြောနေ"

"လာလာငြင်းနေတာကိုး၊ မသိရင် ကျွန်တော်ကပဲ ရမ်းသမ်းပြောတာလိုလိုနဲ့"

"သိပါ့ရှင် သိပါ့၊ တမင် စနေတာမင်းကို"

"ဒေါက်တာကြီးကလည်း အချိန်မတိကျလိုက်တာ"

ဟန်တို့ တိုကင်နံပါတ်က အနောက်ကိုကျသည့်အပြင် ဒေါက်တာကပါ နောက်ကျရောက်လာတော့ စောင့်နေရသည်က တနေကုန်နီးပါ့။ ဝါဆာမစိုးလို့ နှင်းဆီခိုင်က ထမင်းသွားဝယ်ရသေးသည်။ အဲဒီမှာ အန်တီတင့်နဲ့တွေ့တော့ ဟန်တို့ စကားများရမလိုဖြစ်ခဲ့ကြသေး၏။

"မှောင်စပျိုးနေပြီပဲကွယ်"

"နင်ပါ့မယ် ဖြည်းဖြည်းသာစား၊ ရေအေးမသောက်နဲ့နော်"

"သိပါတယ်ဆို"

"အရွက်တွေချန်မထားနဲ့လေ"

"မောင်နော် တို့မစားဘဲနေလိုက်မှာ"

တစ်ချက်လွှတ်အမိန့်ကြောင့် ပါးစပ်ကိုလက်နဲ့အုပ် ငြိမ်နေလိုက်ရသည်။ မွေးခါနီးလို့ထင်တယ် စိတ်ကဆတ်လာပါ၏။ ဒီရက်ပိုင်းအတွင်း အအော်ခံရပေါင်းလည်း မနည်းတော့ပေ။

"ဆရာဝန်ပြောင်းပြဖြစ်တော့မယ်၊ အချိန်ကိုတောင်မလေးစားတာ ကလေးတစ်ယောက်ကိုတော့ ယုံယုံကြည်ကြည်မအပ်နိုင်ပါဘူး"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now