အခန်း ၄၀ zawgyi

568 12 0
                                    

"အမလေး အန်တီသွယ်ရေ"

အမနှင်းနွယ်ဟာ အန်တီသွယ့်ကိုလှမ်းအော်နေတာမို့ ပါးစပ်ကိုပြေးအုပ်ရသည်။ ဝူးဝူးဝါးဝါးနဲ့ ဘာတွေပြောမှန်းကိုမသိ။

"ငါသွားပြောလိုက်မယ်၊ ညွှန်းဘာမှမဖြစ်ဘူးနော် မကြောက်နဲ့၊ ဆရာအုန်းကသိပ်စွမ်းတာ"

ထဖို့ပြင်နေတဲ့ အမကေသွယ်ကို ထဆွဲရသေးသည်။ တကယ်ကိုဗြောင်းဆန်လို့ပါရော။

"ကေသွယ် ထိုင်စမ်း၊ နှင်းနွယ်ကော ငြိမ်ငြိမ်နေ"

ညွှန်းဟာ ခပ်စွာစွာအသံလေးနဲ့အမိန့်ပေး၏။ ဘေးဘီကိုလည်း ကြည့်ပါသေးသည်။ ပြီးတော့ လက်ကိုလာကိုင်၏။ အတော်ကြာသည်အထိ ဘာမှမပြောဘဲ ဟန့်လက်ကိုသာကိုင်ပြီး အမကေသွယ်တို့ကိုတစ်လှည့်စီကြည့်သည်။ နောက်ပြီး သူတို့ကိုခေါင်းညိတ်ပြ၏။

သွက်လွန်းတဲ့အမကေသွယ်က နားလည်ဟန်။ သို့သော် အမနှင်းနွယ်ကတော့မဟုတ်။ ကြောင်ငေး၍သာနေပါ၏။

"ဘာတုန်းဟဲ့၊ နေကောကောင်းရဲ့လား"

"ဪ ဒင်းနဲ့ ဒုံးဝေးလွန်းတာ"

ကေသွယ်ဟာ အူတူတူဖြစ်နေတဲ့နှင်းနွယ်နားတစ်ဖက်ဆီကို တိုးတိုးကပ်ပြောသည်။ ဘယ်လိုပြောသလဲ ဟန်လည်းသိချင်မိသား။

"ဟယ်"

ပြီးမှ ပါးစပ်ကိုလက်နဲ့အုပ်လျက်သား တအံ့တဩဖြစ်နေ၏။

"အပျိုကြီးနော် အပျိုကြီး အခုမှထစွံနေ၊ ဘယ်ကတည်းကဖြစ်နေကြတာလဲ ပြောစမ်း"

"နေပါဦးဟဲ့ ဘယ်သူက စ ချစ်ရေးဆိုတာလဲ"

"မဟုတ်သေးဘူး၊ ညွှန်းကိုဘာကြည့်ကြိုက်လဲ"

အမကေသွယ်ရဲ့အမေးကိုညွှန်းက မျက်စောင်းထိုးသည်။ သူပြောမှ ညွှန်းကပဲ အရုပ်ဆိုးလွန်းနေတာလိုလို။

"အေး ဘာလို့ကြိုက်လဲဟယ်၊ ဇီဇာကလည်းကြောင်သေး၊ အဲတာကြောင့် အခုထိအပျိုကြီးဖြစ်နေတာလေ ဟန်တို့များ မကြောက်မရွံ့နော်"

"လာစမ်း နင်၊ နာချင်ပြီနဲ့တူတယ် ဟုတ်သလား"

ညွှန်းက နှစ်ယောက်လုံးကို ထုရိုက်လေ၏။ ဘေးဆုံးမှာထိုင်တာမို့ တော်ပါသေးသည်။ နို့မို့ဆို အနောက်ကလူတွေက မငြိမ်လို့ အော်ပြောနေတော့မည်။

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now