အခန်း ၂၉ unicode

2.8K 216 4
                                    

"တစ်ခေါက်ချင်းဝယ်ပေါ့၊ အကုန်စုပြီးသယ်မလာနဲ့"

"ဟုတ်မေမေ"

"ပြီးတော့ ကားကိုလည်းပြန်သာသယ်ခဲ့တော့၊ ကျန်မာရေးကိစ္စတွေ အရေးအကြောင်းဆို ရွာကားနဲ့ကျအဆင်ပြေမှာမဟုတ်ဘူး"

"ဦးလေးသိန်းဆီပဲမလား"

"အေး မေမေ ဖုန်းဆက်ထားပြီးပြီ"

မနက်ဖြန်ခါဆို ညွှန်းနဲ့မုံရွာ စျေးဝယ်သွားရမှာမို့ မေမေက မှာစရာရှိတာတွေမှာနေသည်။ အသွားကို ရွာကားနဲ့လိုက်ပြီး အပြန်ကျ အိမ်ကကားနဲ့ပဲပြန်မည်ဖြစ်၏။ အိမ်ကကားဆိုသည်မှာ ဒီကိုပြောင်းလာတော့ ရောင်းဖို့အတွက် ဦးလေးသိန်းဆီ အပ်နှံထားခဲ့ခြင်းဖြစ်သည်။ အခုရောင်းမထွက်တော့ မေမေက ပြန်သယ်ခိုင်းခြင်းဖြစ်မည်။ ကားစျေးတွေကလည်း တက်နေတာကိုး။

လုပ်စရာရှိတာတွေကများတော့ မိုးချုပ်မှာတောင်စိုးရ၏။ ညွှန်းကလည်း သူ့ဟာနဲ့သူ စျေးပတ်ဝယ်မည်ဖြစ်ရာ ထိုအချိန် ပေါင်ချိန်ရွှေဆိုင်ဆီဝင်ပြီး ရွှေဆွဲကြိုးလေးရွေးရပါဦးမည်။ ညွှန်းလည်တိုင်မယ် ဆင်မြန်းဖို့ပေါ့။

"ဒါဆို သွားဦးမယ်"

အန်တီသွယ်တို့ဆီ ထမင်းချိုင့်ပို့သွားရမည်။ ပူတာမို့ ညွှန်းက မလိုက်စေချင်သော်ငြား စိတ်မချပါ။

သင်္ကြန်အပြီး မိုးမရွာခင် ရိတ်သိမ်းရမှာဖြစ်လို့ ညွှန်းတို့တစ်အိမ်လုံးအလုပ်ရှုပ်နေကြသည်။ ဦးလေးလွင်တို့ စိုက်ပျိုးထားတဲ့ နွေစပါးခင်းတွေကလည်း နည်းတာမှမဟုတ်တာ။ ဒီထက်ရိတ်တာနောက်ကျရင်လည်း စပါးစေ့တွေညံ့နိုင်ပေ၏။ ညွှန်းတို့ရှိတဲ့ ရိတ်ခြွေစက်နဲ့ မနိုင်တာမို့ တစ်ဖက်ရွာကဆီလည်း အငှါးလိုက်ခိုင်းထားရသေးသည်။

ခြံထဲရောက်တော့ ညွှန်းက ငါးဆင့်ချိုင့်ကလေးလက်ကဆွဲကာ ဟန့်အား မျှော်နေပါ၏။ ညွှန်းကလေးက ဆိုင်ကယ်တောင် အသင့်ထုတ်ထားပြီးပါပြီ။ အခါတိုင်းဝတ်သလို ရင်ဖုံးနဲ့မဟုတ်တာကြောင့် ဟန် အထူးတဆန်းကြည့်နေမိသည်။ သူ ဒီလို ဗိုက်သားပေါ်တဲ့ crop topတွေ ဝတ်တာ များလွန်းနေပြီလေ။ ဟန့်မှာ အဲဒီ ဗိုက်သားကလေအား ဆွဲလိမ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now