အခန်း ၆၃ unicode

2.3K 216 11
                                    

"အပေါ်မှာ သမီးသွယ် ရောက်နေတယ်မြေး"

"ဟုတ်၊ သွားလိုက်မယ်"

"နေဦးနေဦး၊ ငါးမုန့်ယူသွားချေ"

ဘပုံက တီဗွီစင်ပေါ်က ငါးမုန့်ကျွတ်ကျွတ်အိတ်အကြီးကို ထ ပေးသည်။ ဟန်က သိပ်မကြိုက်ပေမဲ့ ညွှန်းကတော့ ငါးမုန့်ဆိုသိပ်စားတာရယ်။ သူမ အကြိုက်ဆုံးကတော့ "ရွှေ"ငါးမုန့်ပါပဲ။ ဒီလိုဆီကြော်မုန့်တွေ စားနေလျက်နဲ့တောင် အလေးချိန်ကတက်မလာ။

"ဘာထိုင်လုပ်နေတာလဲ"

"ပေါ်ကိုမလာတော့၊ ကျွန်မကပဲ လာချောင်းရတာရှင့် ဘာဖြစ်သလဲ"

ကုတင်ပေါ်ထိုင်ရင်း ထေ့ငေါ့ပြောနေပါ၏။ အနားကို တိုးကပ်ထိုင်တော့ ဘေးကိုပြန်တိုးသွားသည်။

"နေသိပ်မကောင်းလို့ပါ"

"ပြောရောပေါ့ကွယ် ပိုကိုပိုလွန်းပါတယ်၊ မတ်တတ် ထ ရပ်လိုက်ရင်ကို ကျွန်မမြင်နေရမှာလေ၊ မောင်မောင် တမင်ကိုညစ်နေတယ်"

"ပြီးတော့ ဒါမီးပူတိုက်စရာတွေလား၊ ပုံနေတာကို မပြောဘူး"

ဟန့်အဝတ်တွေကို လိုက်ကောက်ပြီး ဘေးခုံပေါ်တင်သည်။ ပြီးတော့လည်း ဟန့်ဘက်က လာတိုက်ပေးပါဦးလို့ သွားခေါ်လို့ကောင်းပါ့မလားနော်။ ပန်းအိုးတောင် ရက်ခြားသာ ရေလာလှယ်ပေးတော့သည်။ ပြောရရင် မောင့်ပုလဲ မူတွေပျက်နေတာ ရိပ်မိပါရဲ့။

ညွှန်းမသိတာက ညတိုင်းလိုလို သူမအိပ်နေချိန် လှမ်းကြည့်နေမိတာဆိုတာပါပဲ။ မနေ့ကဆို လှေကားထောင်ပြီး ခိုးကျော်တက်မလို့ပါ ကြံခဲ့ပါသေးသည်။ ကိုယ့်အတွေးနဲ့ကိုယ်ရယ်မိတော့ ညွှန်းက ဘောက်ဆတ်ဆတ်ကြည့်သည်။

"ဖက်စမ်းကျွန်မကို"

ညွှန်းက ထုံပေပေလုပ်နေတဲ့ချစ်သူကိုစိတ်မရှည်ပါဘဲ လှဲချပစ်သည်။ သူမကတော့ ဟန့်ရင်အစုံပေါ်မျက်နှာအပ်၏။

ဟန်ဟာလည်း ညွှန်းရဲ့ကျောပြင်ကလေးကို ပွတ်သပ် ချော့မြူသည်။ ထက်လိုက်တာကလည်းသူပါပဲ၊ မိန်းမသားဆန်လွန်းလိုက်တာကလည်း သူမအပြင် နှစ်ယောက်မရှိ။ လက်နှစ်ဖက်က ခါးသိမ်သိမ်ကလေးကိုကိုင်မိတော့ ညွှန်း ယားနေဟန်။

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now