အခန်း ၆၆ unicode

2K 241 16
                                    

ဝါဟာ ထိုရက်ကစပြီး ညွှန်းအကြောင်း မ ဟတော့ပါ။ ညွှန်းကပဲ ပိတ်ပင်ပစ်သလားရယ်မသိ။

မဆိုစလောက်လေးသိသာလာတဲ့ဗိုက်ကို မဝတ်စဖူးတီရှပ်အပွတွေဝတ်ပြီး ဖုံးကွယ်ထားသည်။ ယခင်ကလောက် တက်တက်ကြွကြွမရှိတော့ပေမဲ့ ဖြစ်စကလို ထိုင်းမှိုင်းနေတာလည်းမဟုတ်။ စဉ်းစားတွေးတောရခက်တဲ့အထဲမှာ ညွှန်းပြီးရင် ဝါ ဗိုလ်ဆွဲပါလိမ့်မည်။

စာမေးပွဲတွင်းကာလမို့ ဘုရားစင်ရှေ့ထိုင်ရင်း ပဌာန်းရွတ်၊ ပုတီးစိပ်လိုက်ပါပဲ။ မောင်ဖြစ်သူဇာနည်ကလေးအပြင်၊ တပည့်တွေအားလုံး၊ ဖြေဆိုသူတိုင်းအားလုံးကို အခက်အခဲမရှိ ကျော်လွှားစေလိုသည်။

ဟန် အနည်းမျှလိုက်ရွတ်ဖတ်၊ ဦးသုံးကြိမ်ချ၍ တန်းလျားပေါ်သာ ထိုင်နေလိုက်သည်။ နာရီဝက်ကြာသည်အထိ သူမ မပြီးသေး။ သို့ပေမဲ့ ဟန် အလျှင်မလိုပါ။

အနှောက်အယှက်ဖြစ်မစိုးတာကြောင့် ခြံထဲလမ်းပတ်လျှောက်သည်။ ရေတွင်းမှာအဝတ်လျှော်နေတဲ့ ဆုငယ်ကိုတွေ့တော့ ဦးတည်သွားမိ၏။

"ဝါ့ကိုဂရုစိုက်လိုက်နော်၊ လှေကားအတက်အဆင်းတွေ.."

"သိပါပြီမမရဲ့၊ နေ့တိုင်းဒါပဲမှာနေ သမီးတောင်အလွတ်ရနေပြီ"

"သေချာအောင်ပါ၊ ပြီးတော့ ထမင်း.."

"တစ်နေ့သုံးနပ်စားတယ်ရှင်"

"ဆေးကော သောက်ရဲ့လား"

"မြိုချတဲ့အထိစောင့်ပြီး တိုက်တာပါအမရ"

လွန်ခဲ့တဲ့သုံးလေးရက်က ဝါ ကိုယ်ဝန်ရှိနေတာကို ဖွင့်ပြောပြဖြစ်လိုက်သော်လည်း အံ့ဩပြမနေတာကြောင့် ကျေးဇူးတင်မိသည်။ ဘာမေးခွန်းတွေမှမမေးတာကြောင့်လည်း ထပ်မံ ကျေနပ်မိပြန်၏။ တိုက်ရမယ့်ဆေးတွေ၊ စားရမယ့် အစားအစာတွေကအစ ဟန် အသေအချာစာရင်းလုပ်ပြီး အပ်ထားခဲ့သည်။ ဆုငယ်က တိကျတတ်ပါတယ်လေ။

အခုလည်း ဝါ့အဝတ်တွေကို လျှော်ဖွပ်ပေးနေလေရဲ့။ တစ်နေ့ဝတ်တစ်နေ့လျှော်တာဆိုတော့ မများလှ။

"ပေး အမလှန်းလိုက်မယ်"

"ဟုတ်အမ"

ဟန် အားကုန်ညှစ်ပြီး အိမ့်အနောက်ကြိုးတန်းပေါ်လှန်းဖို့ပြင်သည်။ တီရှပ်တစ်ထည်၊ ထဘီတစ်ထည် နောက်ပြီး အတွင်းဝတ်တစ်စုံပါပဲ။ အင်္ကျီကို ပလက်စတစ်ဂျိတ်သုံးကာ ကြုးပေါ်ချိတ်လိုက်သည်။ ထဘီကို ရေစင်အောင် တဗြန်းဗြန်းခါပြီး လွှားတင်လိုက်၏။ ကျန်နေတဲ့ အတွင်းဝတ်အထည်ငယ်တွေကိုတော့ လေကြောင့်လွင့်မစိုး၍ ညှပ်နဲ့ပါညှပ်လှန်းထားလိုက်သည်။

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now