အခန်း ၅၀ unicode

2.5K 217 6
                                    

"အဲ့ကျ ကျွန်တော့်ကိုစကားမပြောတော့ဘူးပေါ့"

"မတရားဘူး ဝါနဲ့ကျပြောပြီး၊ ဒီကိုကြည့်စမ်းပါဦးကွာ"

လူလည်း ဟုတ်တိပတ်တိဘာမှမလုပ်မိပါဘဲနဲ့လေ။ အဖော်ရအောင် တီတီငယ့်ကိုပါ အကူခေါ်လာခဲ့သည်။ ပါသာလာတာ ဘာမှကိုအားမကိုးရ။

"အာ ဟာ စိတ်ညစ်လာပြီတီတီငယ်၊ လေးလေးမြိုင်ကိုပါခေါ် လိုက် ကူပြောခိုင်းရအောင်"

"ဟဲ့ တော့်ကိစ္စတော်ရှင်းလေ၊ တစ်ရွာလုံးပတ်ခေါ်​တော့မလို့လား"

"ကျွန်တော့်မိန်းမစိတ်ပြေဖို့ ခေါ်သင့်ရင်ခေါ်ရမှာပဲ"

ဒေါက်

"အဲဒီမိန်းမဆိုတာကြီး မခေါ်စမ်းနဲ့၊ မခေါ်စမ်းပါနဲ့ဆို"

အခေါက်ခံလိုက်ရလို့ ရှုပ်ပွနေတဲ့ဆံပင်တွေကို လက်နဲ့ဖိပြင်ရသေး၏။ နောက်များတော့ နို့ဆီခွက်ကိုင်ထားတဲ့အချိန် ခပ်လှမ်းလှမ်းမှာသာနေရမည်။ ခေါ်လာတဲ့လူကလည်း ညွှန်းဘက်ကမသိမသာပါနေပါ၏။

"ခေါင်းလျှော်ရည်နှစ်ထုပ်ပေးပါမပုလဲ"

"မမြင်တာတောင်ကြာပြီပိုင်"

"ဆယ်တန်းဆိုတော့ အိမ်အောင်းပြီး စာလုပ်နေရတယ်ဗျာ"

ညွှန်းက ရေခဲသေတ္တာထဲက အအေးဘူးတစ်ဘူးထုတ်ကာ ပိုင့်ကို ပေး၏။ ဟန်အခြေအနေကတော့ လုံးဝကို လစ်လျူရှုခံနေရပါ၏။ သူလုပ်သမျှကိုသာ လိုက်ငေးနေရသည်။ အခုအတိုင်းသာဆို နောက် တစ်လနေတောင် စိတ်ကောက်ပြေပါ့မလားမသိ။

"စံကားဝါ အိမ်မှာရှိသလား"

"သား ကြည့်ခဲ့သေးတယ်၊ အိပ်နေတာနဲ့ မဝင်ခဲ့တာ"

"စာကော လိုက်နိုင်လားပိုင်"

"အောင် အောင်တော့ဖြေမယ်စိတ်ကူးထားတယ်"

"စိတ်ကူးရတယ်ကရှိသေး မောင်မင်းကြီးသားရယ်"

ပိုင်ကရယ်ရင်း ဟန့်ကိုလှမ်းကြည့်၏။ ဟန့်အထင် မကျေမနပ်ဖြစ်သည့် အရိပ်အယောင်များပါနေသယောင်။

"ဖျားနေတာအမက"

"စံကားဝါလား"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now