အခန်း ၁၂ unicode

3.1K 265 11
                                    

မဆိုအပ်သောစကား၊ မလုပ်သင့်သောအပြုအမူမှန်းသိပါသော်လည်း စိတ်ကိုမလွန်ဆန်နိုင်။ ဘေးဘီမှာတော့ မည်သူမျှရှိမနေပါ။ အကယ်၍ ရှိနေလျှင်လည်း ဂရုပြုနိုင်မည်မဟုတ်။ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိတဲ့ ညွှန်းရဲ့ပခုံးနှစ်ဖက်၊ ကျောက်စိမ်းရောင်လိုလို၊ ငှက်ခါးစိမ်းလိုလို ဟိုမကျဒီမကျအရောင်နဲ့ ခါးတိုအင်္ကျီလေးဝတ်ထားတဲ့သူမ၊ ကတ္တီပါဖိနပ်အနက်ကလေးကို ကြွကြရွရွဆင်မြန်းထားတဲ့သူမကို မိမိတင်မဟုတ်၊ မည်သူမှမလွန်ဆန်နိုင်မယ်မထင်။

ဟုတ်ပါရဲ့..

~မလွန်ဆန်နိုင် နှလုံးသားလည်းရစ်နှောင်တွယ်..ပတ်လို့ဖြင့်ထားသော်လည်း အတွေးခက်တဲ့ သံယောဇဉ်..

"ကျွန်တော် ညွှန်းကိုဖက်ချင်တယ်"
အနည်းငယ်အံ့ဩဟန်ပြ၏။ သိပ်တော့လည်း သိသာမနေ။

ခေါင်းညိတ်သလား၊ ခေါင်းခါသလားကို စောင့်မနေတော့ဘဲ ရင်ခွင်ထဲသာ ပွေ့ဖက်သွင်းမိတော့သည်။ ထွားသလိုလိုထင်ရတဲ့ ကိုယ်လုံးလေးဟာ ကိုယ့်ရင်ခွင်ထဲကျတော့လည်း မြုပ်နေပြန်၏။

"ဟန်ရယ်..မင်းနဲ့တော့ ခက်တော့တာပဲ"

သက်ပြင်းခပ်တိုးတိုးလေးချအပြီးနောက်မှာ ညွှန်းဟာ ခေတ္တမျှ ငြိမ်ကျသွား၏။ အလိုမကျနေတဲ့အသံမဟုတ်။

"လွှတ်တော့၊ သူများတွေမြင်ရင်မကောင်းဘူးလေကွယ်"

ထင်ရာဆိုင်းပြီးမှ အခုတော့မျက်နှာပူမိ၏။ ဖြေလွှတ်ပေးလိုက်ပြီး လည်ပင်းကိုပွတ်ကာ တောင်ကြည့်မြောက်ကြည့် ကြည့်နေမိသည်။
သေချာပါသည်..ညွှန်းအပေါ် မရိုးသားတဲ့စိတ်တွေရှိနေမိပြီ။

ဆိုင်ကယ်ပေါ်ကနေ အိမ်ရောက်သည်အထိ ညွှန်းနဲ့ ဘာစကားမှမပြောဖြစ်လိုက်။ မြစ်ကြည့်မယ့်ကိစ္စလည်း တစ်ခန်းရပ်ပြီး လှည့်ပြန်ခဲ့ရသည်။

"ငါတော့ အဲဒီလိုမထင်ပေါင်ဟယ်၊ တိုက်ဆိုင်တာဖြစ်မှာပါ"

"ငါလည်းအဲ့ကိစ္စကြောင့်နဲ့ မြပြင်နဲ့စကားများရပေါင်းမနည်းတော့ဘူးဟေ့"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now