အခန်း ၅၈ zawgyi

408 10 1
                                    

"အဲဒီကလေးလေးကလေ သူကိုယ်တိုင်မိုးရေတွေစိုမှာ မမှုပါဘဲ ကျွန်မအနားအတော်ကြာတဲ့အထိ ရပ်နေခဲ့တယ်။ အို တိတိကျကျပြောရရင် ဒူးထောက်ထိုင်နေတဲ့ကျွန်မအပေါ် ထီးလေးမိုးပေးထားတာပါ"

မျက်ရည်တွေနဲ့ ညွှန်းဟာ တခစ်ခစ်ရယ်သည်။ ဟန့်လက်ကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပါသေးရဲ့။

"လူကိုကြည့်ပြီး မမ စိုကုန်မယ်လေတဲ့။ ကျွန်မအနား မတ်တပ်ရပ်လျက်သား စကားတွေတတွတ်တွတ်ပြောပေးနေခဲ့တာ၊ ကျွန်မ ဘာတခွန်းမှ မတုံ့ပြန်ခဲ့ပေမဲ့ပေါ့။ ထီးကိုင်ထားတာ မညောင်းဘူးလားမေးလိုက်ချင်ပါရဲ့။ ဒါပေမဲ့ ကျွန်မကိုယ်တိုင် ပြောမထွက်ခဲ့ဘူး။ ဘာကြောင့်လဲမေးရင် ကလေးအပေါ် မညှာမတာအားကိုးချင်နေမိလို့ပဲ"

ညွှန်းက ရုတ်တရက်ကားတံခါးကိုဖွင့်ပြီး ဆင်းသွားသည်။ တာရိုးပေါ်ကနေ အနောက်ဘက်ကမ်းဆီကိုလည်း ငေးနေပါသေး၏။

ကျောက်မျက်တောင်ပေါ်က ဘုရားကိုမြင်တော့ မတ်တတ်ရပ်လျက်သား လက်အုပ်ချီဦးချသည်။ ပြီးကာမှ စကားဆက်၏။

"အဲဒီနောက် လေးငါးနှစ်ကြာတဲ့အထိ အဲ့ကလေးငယ်လေးကို အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်ခဲ့ဖူးတယ်ကွယ်။ ဆိုင်အတွက်ဈေးလည်းလာဝယ်ရင်း၊ လမ်းလည်းမကြုံပါဘဲ အမြဲဒီဘက်ကိုပဲ ရောက်လာပြီး ခိုးငေးကြည့်ခဲ့ရတာ။ မတွေ့တဲ့အခေါက်ကများပါတယ်။ အတော်လေးကြာတော့ သူတို့ အိမ်ပြောင်းသွားတယ်တဲ့လေ။ ဒီလိုနဲ့ပဲ ကျွန်မမေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ရတာပေါ့။ လိုက်တော့မရှာခဲ့မိဘူး။ ကျွန်မကိုယ်တိုင် အတိတ်ကို မတူးဆွချင်မိလို့ပဲ။ ဒီလိုနဲ့ပဲ ကျွန်မမှာ အဲ့ကလေးနဲ့ပတ်သက်တာဆိုလို့ မမျှော်လင့်ဘဲရလိုက်တဲ့ ပုံလေးတစ်ပုံပဲကျန်ခဲ့ရဲ့"

ညွှန်းဟာ သက်ပြင်းတိုးတိုးချ၏။ သူမဟာ အဲဒီလောက်ထိ သံယောဇဉ်ကြီးသတဲ့လား။

"ရှာချင်သလားပုလဲ"

"ရှင်"

"အဲ့ကလေးကိုရှာချင်သလားလို့၊ ကျွန်တော်ဖြစ်အောင်လုပ်ပေးပါ့မယ်"

"အို ရှာစရာကိုမလိုဘူး၊ ဟောဒီကပုလဲဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လာတာ"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now