အခန်း ၆၅ unicode

2.2K 207 11
                                    

"ပြန်စဉ်းစားပါဦးလားပုလဲ၊ မကျေနပ်တာရှိရင်လည်း ပြောပေါ့၊ ကျွန်တော် ပြင်ပေးမှာပါ"

"ပြန်ပါတော့မောင်မောင်ရယ်၊ စောစောစီစီး ဆိုင်ကိုလာပြီး အပူမကပ်ပါနဲ့"

"ဒါဖြင့် ဘာဖြစ်ရပြန်သလဲပြောပေါ့၊ အခုလို သစ်စိမ်းချိုးချိုးပစ်တာ ဒီကောင့်အတွက် မတရားဘူးလို့မတွေးမိဘူးလား ဟင်"

"ပြောပြီးသားပဲကွယ်၊ ထပ်ကြားရမှကိုဖြစ်မှာလား"

"ဒီအဖြေပဲဆိုရင်တော့ ထပ်မပြောပါနဲ့၊ ခံနိုင်ရည်မရှိလို့ပါ"

"အဲတာကြောင့်ပြောနေတာပဲလေ ပြန်လိုက်ပါတော့"

ဆိုင်ခန်းငယ်ထဲမယ် အသနားခံ ခယနေသူကတစ်ဦး၊ ဥပေက္ခာရှင်တစ်ဦး ရှိနေပါရဲ့။ တစ်ဖက်သတ်လမ်းခွဲစကားဆိုလိုက်တဲ့ ဒီသုံးလေးရက်အတွင်း ဟန် ခဏတိုင်းကို လာနေမိသည်။ ပြတ်သားတဲ့ အရိပ်အယောင်တွေ မြင်တွေ့နေရပေမဲ့ ဒါကို မသိဟန်ဆောင်ရင်း ဇွတ်တိုးမိပြန်၏။

ညွှန်းက စျေးနှုန်းတိပ်တွေပေါ်  ဘောပင်ဖြင့်ဖွဖွရေးသည်။ လှပသေသပ်လွန်းနဲ့ လက်ရေးကလေးတွေက ဒီအခြေအနေနဲ့ လုံးလုံးမသက်ဆိုင်ချင်စရာပင်။

"အဲတာတွေက ၅၀၀ တန်တွေလေ၊ ဘာလို့ သုညတစ်လုံးစီပိုနေရတာလဲ"

"အို"

"မှားတာကွယ်၊ မှားကုန်ပြီ"

တစ်ထွာစာလောက် အာလူးကြော်ထုပ်တွေကို ငွေငါးထောင်သာဆိုလို့ကတော့ အကုန်ထွက်ပြေးကြမည်လေ။ သူမဟာ စိတ်နဲ့လူနဲ့ ဘယ်အခါမှ ကပ်တယ်ရယ်ကိုမရှိ။

"မင်း လုပ်စရာမရှိလား"

"အင်း၊ မြင်တဲ့အတိုင်းပဲ"

"ဆိုင်ကကော"

"ပိတ်လိုက်တယ်လေ၊ ရောင်းချင်စိတ်မရှိလို့"

"အလုပ်ကိုဒီလိုလုပ်နေ၊ တိုးတက်ကြီးပွါးပါလိမ့်ဦးမယ်"

"ချစ်တယ်၊ သိပ်ချစ်တယ်ပုလဲ"

"ထပ်မပြောပါနဲ့မောင်မောင်၊ ကျွန်မမကြားချင်ဘူး"

"ချစ်တယ်၊ ရူးမတတ်ကိုချစ်တယ် ညွှန်းပုလဲသွယ်၊ ခင်ဗျားကို သိပ်ချစ်တာ"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now