ဇာတ်လမ်း-၃

27.9K 2.1K 184
                                    

ဇာတ်လမ်း-၃

နေ့လယ်စာ ထမင်းဝိုင်းက အခါတိုင်းထက်ပိုကာ ဖွယ်ဖွယ်ရာရာဖြစ်နေသည်က ခေါင့်ချစ်သူလာမည်ဆိုသောကြောင့်ပင်ဖြစ်သည်။ စစ်ပြေကိုယ်တိုင်လည်း ခြံထဲက လာပို့ထားသည့် လိမ္မော်ရည်လေးတွေ ဖျော်လိုက်၊ စတော်ဘယ်ရီလေးတွေ ရေဆေးကာ ပန်းကန်ထဲ ထည့်လိုက်နှင့် မီးဖိုချောင်ထဲက အလုပ်တွေကို ကူလုပ်ပေးနေသည်။နေ့လယ်မွန်းတည့်ချိန်အရောက်ပင် ခေါင်က ချယ်ရီမို့ကို ခေါ်လာခဲ့လေသည်။

"လာ.. ထိုင်ကြ"

ထမင်းဝိုင်းတွင် နေရာယူနှင့်ပြီးသားဖြစ်သည့် သစ္စာ ခရီးဦးကြိုပြုလိုက်သည်။ချယ်ရီမို့က နားရွက်အောက်နားတွင်ပင် ရှိသည့် ဆံနွယ်ကောက်ကောက်လေးတွေ၊ မျက်လုံးလက်လက်လေးတွေနှင့် တော်တော်ကိုလှသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ မျက်နှာထက်တွင်လည်း မာန်မာနတစ်မျိုးရှိနေကာ သစ္စာကိုပြုံးပြလာသည်ကိုပင် သစ္စာ သိပ်သဘောမတွေ့မိသလိုဖြစ်ရသည်။သို့ပေမဲ့ သူမကလည်း သစ္စာရိပ်ပေပဲမို့ အပြုံးနှင့်သာ ပြန်လည်တုံ့ပြန်လိုက်သည်။

"မို့. ဒါ ကိုယ့် မမ သစ္စာရိပ်တဲ့။ မမ.. ကျွန်တော်ပြောတဲ့ ချယ်ရီမို့ပါ"

ခေါင်က နေရာတွင် ဝင်ထိုင်လိုက်ပြီးမှ နှစ်ယောက်သားကို မိတ်ဆက်ပေးသည်။ စားပွဲတွင် ထိုင်နေသည်က ကြီးကြီးစောနှင့် စစ်ပြေလည်း ရှိနေသည်။အမှန်တော့ စစ်ပြေ ထိုင်နေချင်သည်မဟုတ်။ မမသစ္စာက အိမ်သားတစ်ယောက်အနေဖြင့် ခေါင့်ချစ်သူနှင့် တွေ့ဆုံသည်တွင် ရှိနေရမည်ဟု ဆိုသောကြောင့် မရှောင်လွှဲနိုင်ဘဲ ထိုင်နေရခြင်းပင်ဖြစ်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် မသစ္စာ။"

"တွေ့ရတာ ဝမ်းသာပါတယ်"

"ဒါက တော့ ကြီးကြီးစောတဲ့ ကိုယ်တို့ ငယ်ကတည်းက စောင့်ရှောက်လာတဲ့ အဒေါ်ပေါ့။ သူကတော့ စစ်ပြေလို့ ခေါ်တယ်၊ကိုယ်တို့ညီ ဆိုပါတော့"

ခေါင်က တစ်ယောက်ချင်းစီ မိတ်ဆက်ပေးတော့ ချယ်ရီမို့က လိုက်ကြည့်ရင်း ပြုံးလျက် ခေါင်းညိတ်ပြသည်။

"ထမင်းစားကြရအောင်.. ခေါင်.. ဧည့်သည်ကို ဟင်းတွေထည့်ပေးပါဦး"

အိမ်ကြီးရှင်..သခင့်ထံပါးWhere stories live. Discover now