ဇာတ်လမ်း-၁၃

27.1K 2.1K 171
                                    

ဇာတ်လမ်း-၁၃

"အင်း..ပျော်ခဲ့တယ်။ဘာတွေလျှောက်မေးနေတာလဲ'

တစ်ဖက်က ရှင်းရှင်းက သူတို့မင်္ဂလာဦးနှင့် ဟန်းနီးမွန်းအခြေအနေကို အဓိပ္ပာယ်တစ်မျိုးရောက်အောင် မေးနေသည်ကြောင့် လူကိုမမြင်ရသော်ငြား စစ်ပြေ မျက်နှာလေးပူလာသည်။လက်ကလည်း နှင်းဆီပန်းအိုးလေးကို ခက်ရင်းခွလေးနှင့် မြေဆွပေးနေသေးသည်။

"ဘာလုပ်နေတာလဲ"

ရုတ်တရက်နောက်ပါးဆီကနေ နီးနီးကပ်ကပ်အသံထွက်လာတော့ စစ်ပြေ ကိုယ်လေး တွန့်သွားရင်း လှည့်ကြည့်လိုက်သည်။

"ဒါပဲနော် ရှင်းရှင်း.ပြီးမှ ပြန်ဆက်လိုက်မယ်"

ထိုင်ရာမှ ထလိုက်ပြီး ဖုန်းကို ဘောင်းဘီအိတ်ကပ်လေးထဲ ထိုးထည့်လိုက်ကာ တေဇကို တည့်တည့်ကြည့်လိုက်သည်။ အဘယ်ကြောင့်ရယ်မသိ ထိုလူ သူ့အနောက်နားနီးနီးလေးကပ်နေသည်ကို မနှစ်မြို့ဘဲ ဖြစ်နေမိသည်။ ခေါင်အနားရောက်လျှင် လုံခြုံသကဲ့သို့ ခံစားရသည်နှင့် လားလားမျှတောင်မဆိုင်။

"ကိုတေဇ..ကိစ္စရှိလို့လား"

"မရှိပါဘူး. မင်း ဒီနားမှာ ထိုင်နေတာ မြင်လို့ အပေါ်ကနေ ဆင်းလာတာ။ပျင်းလို့လေ"

"ဒါဆို ခြံထဲလျှောက်ကြည့်လို့ရပါတယ်. ကျွန်တော် အိမ်ထဲမှာ လုပ်စရာလေးရှိသေးလို့"

တေဇကို ရှောင်ကွင်းကာ သွားတော့ လမ်းပိတ်ရပ်ပစ်လိုက်သည်။ပြန်ကြည့်လာသည့် စစ်ပြေမျက်နှာတွင် အလိုမကျရိပ်တို့ စွန်းထင်းလျက်။သူ မဲ့ပြုံးလိုက်သည်။ခေါင်တို့မိသားစု.. အထူးသဖြင့် ခေါင့်ရှေ့တွင်လိမ်လိမ်မာမာကောင်လေးက ခု သူ့ကို မကြည်ဖြူသည့် မျက်နှာပေးကို လွှင့်ထူထားသေးသည်။

"မေးချင်တာလေးတွေရှိလို့ပါ ခဏလေး"

ဧည့်သည်ဖြစ်နေတော့လည်း စစ်ပြေ ခေါင်းညိတ်ပြလိုက်သည်။စစ်ပြေက မြင်မြင်ချင်း လူကို အကဲခတ်တာ မကျွမ်းကျင်ပေမယ့် သူ မြင်ကတည်းက တေဇဆိုသည့်လူ၏ပုံစံကို သဘောမတွေ့မိ။

"မင်းက ဘာလို့ ကိုခေါင်နဲ့ လက်ထပ်ဖြစ်တာလဲ။ ယောကျာ်းချင်း သဘောကျတာလား"

အိမ်ကြီးရှင်..သခင့်ထံပါးWhere stories live. Discover now