ဇာတ်လမ်း-၂၅

26.5K 2K 178
                                    

ဇာတ်လမ်း-၂၅

မဖြစ်မနေတက်မှဖြစ်မည့် မိတ်ဆွေတစ်ယောက်၏ မွေးနေ့ပွဲပေမို့ ထိုပွဲကို ခေါင်သည် စစ်ပြေကိုပါ ခေါ်လာခဲ့သည်။ညနေခင်းချိန်ခါ ဖြစ်သည်ကြောင့် ခေါင်က ပေါ့ပေါ့ပါးပါးပင် နီညိုရောင်ရှပ်ကို ဘောင်းဘီနက်နှင့်သာ တွဲဝတ်ထားသည်။ စစ်ပြေကတော့ အင်္ကျီရှပ်အနက်လေးကို ဘောင်းဘီဖြူပွပွလေးနှင့်မို့ လန်းဆန်းတက်ကြွသည့် အနေအထားဖြစ်သည်။ ပထမတစ်ခါ ချယ်ရီမို့ လက်ထပ်ပွဲတုန်းက ရှိန်နေခဲ့သည့် စစ်ပြေသည် ခုတစ်ခါတွင်တော့ အရင်တစ်ခေါက်ကထက် နည်းနည်းလေး ပိုလို့ နေတတ်လာပြီဖြစ်သည်။ကားပေါ်က ဆင်းကာ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သည့် မွေးနေ့ပွဲလေးကို စဝင်ကတည်းက ခေါင်က စစ်ပြေလက်ဖဝါးလေးကို ဆုပ်ကိုင်ထားခြင်းကို လက်မလွှတ်ခဲ့။

"ကိုခေါင် လာဗျာ.. စောင့်နေတာ မလာတော့ဘူးလားလို့။ အမျိုးသားလည်း ပါတာကိုး..ညီလေး..နေကောင်းတယ်နော်"

"ဟုတ်.ကိုစည်သူ"

မွေးနေ့ရှင်က ခေါင်နှင့် သက်တူရွယ်တူလောက်ဖြစ်ပြီး ခေါင်နှင့်စစ်ပြေ လက်ထပ်ပွဲတုန်းကလည်း တက်ရောက်ခဲ့သူမို့ စစ်ပြေက မှတ်မိနေသည်။ လူအနည်းငယ်ရှုပ်နေပေမယ့် ခေါင် ဝင်လာကတည်းက တန်းမြင်သည်ကြောင့် ချက်ချင်းလာနှုတ်ဆက်ကာ ခေါ်ဆောင်သည်။

"ကိုစည်သူ့ ပွဲ မလာလို့ရမလားဗျာ။ဒါလေးက birthday present ပါ"

"မလိုပါဘူးဗျာ. အားနာစရာကြီး"

ခေါင်ပေးသည်က ကိုစည်သူ သိပ်လိုချင်နေသည့် နာမည်ကြီးတံဆိပ်နှင့် နေကာမျက်မှန်ပေမို့ တဟဲဟဲနှင့် ရယ်မောကာ ပြောဆိုနှုတ်ဆက်ကြရင်း စားပွဲဝိုင်းတစ်ခုတွင် ခေါင်တို့ကို့နေရာချပေးသည်။ စားပွဲဝိုင်းတွင်လည်း တည်ခင်းထားသည်များက အပြည့်။ခပ်လှမ်းလှမ်းတွင်လည်း ယမကာတွေနှင့် အချိုရည်တွေလည်း ရှိသည့် ကောင်တာလေးလည်း ထားပေးထားသေးသည်။ ပွဲပိုင်ရှင်၏အရှိန်အဝါကလည်း မသေးလှဟု စစ်ပြေ တွေးမိကာ မျက်လုံးလေး တောင်မြောက်လိုက်ကြည့်နေမိ၏။

"စစ်ပြေ.. ဗိုက်ဆာရင် စားထားနှင့်နော်။သောက်ချင်တာရှိရင် ကောင်တာမှာ အချိုရည်တွေလည်း ရှိတယ်။ ကိုယ် ဟိုဘက်ဝိုင်း ခဏသွားလိုက်ဦးမယ်။"

အိမ်ကြီးရှင်..သခင့်ထံပါးWhere stories live. Discover now