ဇာတ်လမ်း-၁၁

27.7K 2K 132
                                    

ဇာတ်လမ်း-၁၁

မနက်စာကိုတော့ အိမ်မှာပင် စားဖြစ်ခဲ့ပြီး ခေါင်နှင့် စစ်ပြေသည် မြို့ထဲက ဈေးလေးသို့ရောက်လာကြတော့သည်။ သစ်ဆန်းက လိုက်ပို့ပေးမည်စိုးသော်ငြား ခေါင်က သူလည်းရောက်ဖူးနေပြီးသားဖြစ်သည်ကြောင့် နှစ်ယောက်တည်းသာ ကားမောင်း ထွက်လာခဲ့ကြသည်။ဈေးထဲ စရောက်ကတည်းက စစ်ပြေသည် မျက်လုံးလေးတွေတလက်လက်နှင့် မြင်မြင်သမျှကို သဘောကျစွာကြည့်နေမိသည်။မနက်ခင်း မုန့်ဆိုင်တန်းလေးတွေ၊ပန်းတွေရောင်းသည့်ဆိုင်လေးတွေ၊ အသားငါးတွေ လတ်လတ်ဆတ်ဆတ်နှင့် ရောင်းတာတွေ အားလုံးအစုံပင်ဖြစ်သလို လူတွေလည်း ခပ်များများ။

ခေါင်ကတော့ နောက်ကနေ ခပ်ဖြည်းဖြည်းပဲ လျှောက်လှမ်းနေရင်း လိုချင်တာလေးတွေများ ရှိလျှင် ဝယ်ရလေအောင် လိုက်ကြည့်နေသည်။ထပ်ပြီး သတိထားမိသည်က စစ်ပြေ၏ ပေါ့ပါးလန်းဆန်းနေသည့် မျက်နှာနှင့် အပြုံးတို့ပင်ဖြစ်သည်။

"ကိုကြီး ကျွန်တော်တို့ ဈေးဝယ်ကြဦးမှာလားဟင်"

"ထွေထွေထူးထူးတော့ ဝယ်ချင်တာမတွေ့ပါဘူး.မင်း လိုအပ်တာရှိရင် ဝယ်လေ"

"ဒါဆို ကျွန်တော် ကြက်သားနည်းနည်းလောက်ဝယ်ဦးမယ်နော်"

ခေါင် ခေါင်းညိတ်ပြလိုက်တော့ စစ်ပြေက အနားက အသားရောင်းသည့် ဆိုင်နားဆီသို့ ရောက်သွားသည်။ခေါင်ကတော့ ထိုအနားလေးတွင်ပင် ရပ်လျက် စောင့်နေလိုက်သည်။

"အစ်ကိုကြီး ပန်းလေးဝယ်ပါဦး...ဘုရားပန်းတင်တဲ့ပန်းတွေလည်း ရှိတယ်။ဟော..ဒါလေးတွေဆို ကောင်မလေးကို ပေးလို့လည်း လှတယ်ရှင့်"

ဘေးနားက ပန်းရောင်းသည့် ကောင်မလေးက ပြုံးပြုံးရွှင်ရွှင်နှင့် လှမ်းပြောလာသည်။ဘုရားပန်းကတော့ မနက်ကလေးတင်မှ ဒေါ်အိလဲနေသည်ကို သူတွေ့ထားသည်မို့ မလိုအပ်။

"ဈေးဦးပေါက်မို့ပါ အစ်ကိုကြီးရဲ့ နည်းနည်းလောက် အားပေးပါဦးနော်။လျှော့ပေးပါ့မယ်"

ကောင်မလေးက အားမလျှော့ဘဲ ထပ်ပြောပြန်သည်။ထိုစဉ် စစ်ပြေက ကြက်သားထုတ်လေးဆွဲလျက် အနားသို့ ပြန်ရောက်လာသည်။ပန်းသည်ကောင်မလေးကိုတစ်လှည့် ခေါင့်ကိုတစ်လှည့်ကြည့်လာတော့ ခေါင် သူ့ကိုပဲ ပြန်စိုက်ကြည့်လိုက်ကာ

အိမ်ကြီးရှင်..သခင့်ထံပါးWhere stories live. Discover now