ဇာတ်လမ်း-၂၄

25.6K 1.9K 113
                                    

ဇာတ်လမ်း-၂၄

အတန်းချိန် ခဏနားချိန်တွင် ဖုန်းထဲဝင်လာသည့် message ကိုကြည့်ပြီးနောက် စစ်‌ပြေ သက်ပြင်းချလိုက်သည်။သူ စာမပြန်. ဖုန်းမကိုင်ဘဲ နေလို့မဖြစ်။ အခြေအနေတစ်ခုကို ရှင်းရှင်းလင်းလင်းပြောပြမှ ဖြစ်ပေတော့မည်။ကျောင်းရှေ့ တစ်ဖက်ခြမ်းတွင် ရပ်ထားသည့် ကားရှိရာနေရာဆီ သို့ တန်းတန်းမတ်မတ် လျှောက်လာလိုက်သည်။ ကားခေါင်းရှေ့နားတွင် ဦးနိုင်မင်းအေးက ကြိုစောင့်နေသည်။

"စစ်ပြေ..ဘယ်လိုလဲ အဆင်ပြေရဲ့လား။ ထွဋ်ခေါင်ရိပ်က မင်း ပြောတာ လက်ခံလား"

"လက်မခံဘူး။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုကြီးရဲ့ အလုပ်ကိစ္စတွေမှာ ဝင်ပြီးမစွက်ဖက်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီ။စိတ်မကောင်းပါဘူး"

ဖြစ်လာမည်ဟု တရားသေ တွက်ချက်ထားခဲ့သည်။အပြုံးမျက်နှာနှင့် မေးလိုက်ပေမယ့် ပြန်ရလာသည့် အဖြေတို့ကြောင့် ဦးနိုင်မင်းအေး မျက်နှာ မည်းမှောင်သွားရတော့သည်။

"မင်း သေချာမပြောဘူးလား။ ဟမ်.. သူက မင်းယောကျာ်းဆို. မင်း ပြောတာလက်ခံရမှာပေါ့"

အသံခပ်ကြိတ်ကြိတ်က အော်ဟစ်ပစ်ချင်လာသည့်တိုင် ဘေးဘီဝန်းကျင်ကိုကြည့်ရင်း ပြန်ထိန်းရသည်။စစ်ပြေက မတုန်မလှုပ်။သူ့ကိုပဲ ပြန်ကြည့်နေကာ

"ဦးနိုင်မင်းအေးကရော ဘာအကြောင်းပြချက်နဲ့ ကျွန်တော့်ကို လာခိုင်းနေတာလဲ။ကျွန်တော်တို့ ဘာမှ မဆိုင်ဘူးလေ"

"ဟ.. မဆိုင်ပေမယ့် မပတ်သက်လို့မှမရတာ။ မင်းက ငါ့သွေးသားလေ"

တစ်သက်နှင့်တစ်ခါ မည်သူကိုမှ လှောင်မရယ်ခဲ့ဖူးပါသည့် စစ်ပြေသည် နှုတ်ခမ်လေးတွေ တွန့်ချိုးကာ ရယ်မိတော့သည်။ပြောရဲလိုက်တာ။ ဒါမှမဟုတ် ပြောရက်လိုက်တာလို့ ပြောရမလား။

"ပြီးခဲ့တဲ့ ရှစ်နှစ်လုံး ဒီသွေးသားပတ်သက်မှုက အသုံးမှ မဝင်ခဲ့ဘဲနဲ့ ခုမှ သွေးသားတဲ့လား။ဦးနိုင်မင်းအေး လိုချင်တာတွေရှိတာနဲ့ ဒီစကားလုံးကို မသုံးပါနဲ့"

"အပိုတွေပြောမနေနဲ့။ မင်း ထွဋ်ခေါင်ရိပ်နဲ့ ငါ့ကြား အဆင်ပြေအောင် လုပ်ပေးနိုင်လား မလုပ်ပေးနိုင်ဘူးလားပဲပြော"

အိမ်ကြီးရှင်..သခင့်ထံပါးWhere stories live. Discover now