ဇာတ်လမ်း-၂

31K 2.1K 78
                                    

ဇာတ်လမ်း-၂

အိပ်ရာက နိုးလာတော့ ခေါင် ကုတင်ပေါ်ကနေ ဆင်းလိုက်ကာ စားပွဲဘေးက ဖန်ရေကရားလေးထဲက ရေတစ်ဖန်ခွက်ကို အရင်ငှဲ့ သောက်လိုက်သည်။ ပြတင်းပေါက်တံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက် ခြံဝန်းထဲသို့ အကြည့်ပို့ကာ လေအေးတို့ကိုရှုရှိုက်လိုက်၏။

မြင်ကွင်းထဲရောက်လာသည်က စစ်ပြေ။

ချည်ဘောင်းဘီ ဒူးအတိနှင့် စွပ်ကျယ်အဖြူလေးကို ဝတ်ဆင်ထားသည့် ကောင်လေးက မနက်စောစောကို မအေးတာလား မသိ။ တံမြက်စည်းကြမ်းနှင့် အရွက်ခြောက်တွေကို အားရပါးရ လှဲကျင်းနေသည်။ ဘာရယ်မဟုတ် ခဏရပ်ကြည့်နေမိပြီးမှ ခေါင် ရေချိုးခန်းထဲဝင်လိုက်သည်။ ခပ်သွက်သွက်ချိုးလိုက်ပြီး မနက်ပိုင်း လိမ္မော်ခြံဘက် သွားမည်ဟု တွေးထားသည်မို့ ဝတ်စားပြီးနောက် အောက်ထပ်ဆင်းလာခဲ့လိုက်သည်။

"သား.. လာ.. မနက်စာ ခေါပုတ်လေး လုပ်ထားတယ်"

ထုံးစံအတိုင်း ကြီးကြီးစောက ဝင်ဝင်ခြင်း ဆီးကြိုသည်။ထမင်းစားခန်းထဲတွင် ကြီးကြီးစောသာ ထိုင်နေပြီး အခြားသူတွေက မရှိ။

"မမ ရော"

"သစ္စာက မနက်ပိုင်းအလုပ်ရှိလို့ အစောကတည်းက စက်ရုံဘက်သွားတယ်။"

"ကျွန်တော်လည်း ဒီနေ့ လိမ္မော်ခြံဘက် သွားကြည့်မလို့။ နုအေး. ဦးလေးမောင်ကို ကားအသင့်ပြင်ခိုင်းထားလိုက်ဦး"

တစ်ဆက်တည်း ဘေးနားတွင် ရပ်နေသည့် နုအေးကို မှာကြားလိုက်သည်။ ကြီးကြီးစောက ခေါင့်အတွက် ကော်ဖီငှဲ့ပေးလာသည်။ ဗိုက်ကလည်း သိပ်မဆာတာကြောင့် ခေါပုတ်တစ်ခုနှစ်ခုနှင့် ကော်ဖီတစ်ခွက်သောက်ပြီး ခေါင်ထလိုက်၏။

"သွားမယ်နော် ကြီးကြီးစော။"

"အေး..အေး..သား"

ခေါင် ဆင်ဝင်အောက်ရောက်လာတော့ ဦးလေးမောင်က အသင့်ဖြစ်နေပြီဖြစ်သည်။

"လိမ္မော်ခြံဘက် သွားမယ်ဆိုလို့ ကိုခေါင်"

ဦးလေးမောင်က ကြီးကြီးစောနှင့် ရွယ်တူလောက်ရှိသည်ဆိုငြား ခေါင့်ကို လေးစားသမှုနှင့် အမြဲတမ်း ကိုခေါင်ဟုသာ ခေါ်လေ့ရှိသည်။ နေတတ် ထိုင်တတ်ပြီး သစ္စာရှိသူမို့ ခေါင်တို့ မိဘတွေလက်ထက်ကတည်းကပဲ ဦးလေးမောင်ကလည်း ရှိနေခဲ့တာဖြစ်သည်။

အိမ်ကြီးရှင်..သခင့်ထံပါးDonde viven las historias. Descúbrelo ahora