ဇာတ်လမ်း-၂၀

28.2K 2.1K 93
                                    

ဇာတ်လမ်း-၂၀

မြို့၏ကြီးကျယ်ခမ်းနားသည့် ခန်းမကြီးတွင် ကျင်းပသည့် မင်္ဂလာပွဲက ခမ်းခမ်းနားနားပင်ဖြစ်သည်။ကားပေါ်က ဆင်းတော့ စစ်ပြေ ခြေလှမ်းလေးတွေ တုံ့ဆိုင်းသွားသည်ကြောင့် ခေါင်သည် ကားတစ်ဖက်ခြမ်းကနေ လျှောက်လာကာ စစ်ပြေထံသို့ ရောက်ရှိလာသည်။နက်ပြာရောင် အနောက်တိုင်းဝတ်စုံလေးနှင့် သိပ်ကိုကြည့်လို့ကောင်းနေသည့် စစ်ပြေသည် မျက်လုံးလေးက မကြည်လင်။

"ကိုကြီး"

"ကိုယ်ပြောပြီးသား။ မင်း အနားမှာ ကိုယ်ရှိတယ်လို့"

ကမ်းပေးလာသည့် လက်တစ်ဖက်ထံသို့ စစ်ပြေ လက်ကလေး ပြန်လည် ကမ်းပေးလိုက်သည်။ ခေါင်က စစ်ပြေ လက်တစ်ဖက်ကို ဆွဲလျက် ခန်းမထဲသို့ဝင်လာခဲ့လေသည်။နို့နှစ်ရောင်ကုတ်ကို အောက်က ဘောင်းဘီအနက်နှင့် တွဲဝတ်ထားသည့် ခေါင့်ထံပါးတွင် တွဲလျက်ပါလာသည့် ကောင်လေးနှင့်ကလည်း လိုက်ဖက်လွန်းနေသည်ကြောင့် ခန်းမအဝင်ဝနားက ကောင်မလေးတစ်ချို့က သဘောတကျငေးကြည့်နေကြသေးသည်။

"ကိုထွဋ်ခေါင် ကြွပါဗျာ။ တက်ရောက်ပေးတာ ကျေးဇူးတင်ပါတယ်။ မသစ္စာရော မပါဘူးလား"

"မမက တခြားအရေးကြီးအလုပ်လေးရှိနေလို့ပါ"

ချယ်ရီမို့၏ဖခင်က ခေါင့်ထက် အသက်ပိုကြီးနေစေကာမူ အရှိန်အဝါကြီးမားသည့် ခေါင့်ကို တလေးတစားဖိတ်ခေါ်သည်။ဒါသည် မတော်လိုက်ရသည့် ယောက္ခမဖြစ်သည်ကို တွေးမိရင်း စောစောက ထိတ်လန့်နေမိသည့် စစ်ပြေ စိတ်ကလေး အနည်ထိုင်သွား ရရင်း အကယ်၍ သူသာ ခေါင်နှင့် လက်မထပ်ဖြစ်ခဲ့ပါလျှင် ဒီပွဲကများ ခေါင်နှင့် ချယ်ရီမို့၏ပွဲများ ဖြစ်သွားမလား တွေးမိကာ နှုတ်ခမ်းသေးသေးကလေး စူမိသွားသည်။

"စစ်ပြေ.. အန်ကယ် နှုတ်ဆက်နေတယ်လေ..။နှုတ်ခမ်းလေးစူလို့ ဘာတွေ တွေးနေတာလဲ"

သူ့ဘက်ကိုငဲ့စောင်းကာ ပြောလာသည့် ခေါင်သည် ငြူစူခြင်းအလျဉ်းမပါပါဘဲ ရယ်သံစွက်လျက်‌ ပြောလာသည်။

"ဗျာ.. မကြားလိုက်လို့ပါ။ တောင်းပန်ပါတယ် အန်ကယ်"

"ရပါတယ်ကွယ်..ကဲ.. အထဲကြွပါ"

အိမ်ကြီးရှင်..သခင့်ထံပါးOpowieści tętniące życiem. Odkryj je teraz