ဇာတ်လမ်း-၉

28.4K 2.1K 98
                                    

ဇာတ်လမ်း-၉

"စစ်ပြေက ဘယ်မှ သိပ်ရောက်ဖူးတာ မဟုတ်ဘူး ခေါင်ရဲ့။ ကျောင်းလည်း ပိတ်ထားတာ ခေါ်သွားလိုက်ပါ။ မင်း ဟန်းနီးမွန်းလည်း သက်သက် သွားနိုင်တာမဟုတ်ဘူး"

ခေါင်က လုပ်ငန်းကိစ္စနှင့် ရုတ်တရက်ခရီးသွားရန်ရှိခြင်းဖြစ်သည်။ တစ်ယောက်တည်းသွားမလို့ပေမယ့် ခက်သည်က သစ္စာရိပ်ဖြစ်သည်။ သွားပါမည်ဆိုကတည်းက စစ်ပြေကိုပါ ခေါ်သွားဖို့ ပြောနေခြင်းပင်။

"ဟုတ်သားပဲ ခေါင်။ ကိုထက်လည်း ဒီမှာ ခဏနေဦးမှာ.. မင်း အစ်မနဲ့အလွမ်းလေးတော့ သယ်ပါရစေဦး...။မင်းတို့ ကြင်စဦးကို မင်း သွားတာကြာရင် ပျင်းမနေအောင် စစ်ပြေပါ ခေါ်သွားလိုက်ပေါ့"

ယောက်ဖကပါ ဝင်ပြောလာပြီဖြစ်သည်ကြောင့် နောက်ဆုံးတွင်တော့ ခေါင်သည် စစ်ပြေကိုအဝတ်အိတ်ထည့်လျက် လိုက်ခဲ့ဖိုရာ ခေါ်သွားလိုက်ရတော့သည်။စစ်ပြေသည် ခတ္တာရိပ်က ထွက်လာသည့် တစ်လျှောက်လုံး ဘေးတွင် ထိုင်နေရာကနေ သူ့ကိုလည်း လှည့်တကြည့်ကြည့်နှင့် နောက်ဆုံးတော့ မနေနိုင်သည့် ခေါင်ကပဲ အမေးရှိရတော့သည်။

"ပြောစရာရှိလို့လား"

"ဟို...ကိုကြီးက ကျွန်တော့်ကို မခေါ်သွားချင်ရင်လည်း နေခဲ့လိုက်မယ်လေ.။ကျွန်တော် အကြောင်းတစ်ခုရှာပြီး ပြန်ပြောလိုက်ပါ့မယ်"

တစ်ချက်ငဲ့ကြည့်လိုက်တော့ ဖျတ်ခနဲပဲကြည့်လိုက်မိသည်တောင်မှ စစ်ပြေ၏မျက်ဝန်းလေးတွေထဲ ကောက်ကွေ့ခြင်းတို့ စိုးစဉ်မျှ ရှိမနေ။

"မင်းက မလိုက်ချင်လို့လား"

"မဟုတ်ပါဘူး၊မရောက်ဖူးတဲ့နေရာရောက်ရမှာ ကျွန်တော်က လိုက်ချင်ပါတယ်.ကိုကြီးက"

"လိုက်ချင်ရင်ရပြီ ဘာမှထပ်မပြောနဲ့တော့."

"ဟုတ်"

ခေါင်က ကားမောင်းခြင်းကို ပြန်လည်အာရုံစိုက်လိုက်ပြီမို့ စစ်ပြေလည်း ငြိမ်ငြိမ်လေးနေလိုက်သည်။လမ်းတစ်လျှောက်လုံး ကားမှန်ပြတင်းကနေ မြင်နေရသည့် မြင်ကွင်းတွေကိုကြည့်ကာ စစ်ပြေ မျက်နှာလေး ပြုံးမြမြ။တောက်လျှောက် မျက်လုံးလေး မနားဘဲကြည့်နေရင်းက များမကြာမီပင် ခေါင်းနောက်ကာ ကားမူးချင်သကဲ့သို့ ဖြစ်လာသည်ကြောင့် စစ်ပြေ မျက်လုံးလေးတွေမှိတ်လျက် အိပ်ဖို့ကြိုးစားလိုက်သည်။

အိမ်ကြီးရှင်..သခင့်ထံပါးWhere stories live. Discover now