ဇာတ်လမ်း-၂၆

26.4K 1.9K 117
                                    

ဇာတ်လမ်း-၂၆

မနက်ပိုင်း ဘုရားခန်းထဲ ပန်းအိုးလဲ၊ ဘုရားကန်တော့ပြီး၍ အိပ်ခန်းထဲ ပြန်ဝင်လာခဲ့တော့ ခေါင်က အခန်းထဲမရှိတော့။ ဒီနေ့ စစ်ပြေက ခါတိုင်းထက် နည်းနည်းပိုစောထလိုက်ပြီး ဘုရားခန်းထဲဝင်စဉ် ခေါင်က အပြင်ထွက်သွားခဲ့တာဖြစ်ပေလိမ့်မည်။ ကုတင်ပေါ်က စောင်တွေ ခေါင်းအုံးတွေက အားလုံးပြန့်ပြန့်ပြူးပြူးနှင့် ခေါင်က ခေါက်ကာသိမ်းဆည်းထားခဲ့ပြီးသားပင်။ စစ်ပြေ စားပွဲနားထိ လျှောက်လာလိုက်ကာ စားပွဲပေါ်တွင် တင်ထားသည့် ဖုန်းလေးကို ကောက်ယူလိုက်တော့ message ဝင်နေခဲ့သည်။ ခါတိုင်းလို သူငယ်ချင်းတွေဆီကပဲလို့ ထင်မှတ်လိုက်ပေမယ့် ကိုကြီး ဆိုသည့် contact က ပို့ထားသည်ကို တွေ့သည့်အခါ စစ်ပြေ မျက်လုံးလေးပြူးသွားသည်။

~~Happy Birthday စစ်ပြေ။ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ကစပြီး ကိုယ်နဲ့ အမြဲတူတူရှိသွားရအောင်။ဒီနေ့ အလုပ်ကိစ္စက အရေးကြီးတာလေးဖြစ်နေလို့ ကိုယ် စောသွားလိုက်ရတာ။ တတ်နိုင်သလောက်အမြန်ဆုံးပြန်လာခဲ့မယ်။ ကိုယ်တို့လက်ထပ်ပြီးမှ မင်းရဲ့ ပထမဆုံးမွေးနေ့မှာ အတူမရှိပေးနိုင်သေးတာ နားလည်ပေးမယ်ဟုတ်..~~

"ဟုတ် နားလည်တယ်.. နားလည်တာပေါ့"

စစ်ပြေ မျက်ရည်လေးတွေဝေ့ဝဲလျက် သက်ဆိုင်သူ မကြားနိုင်သော်ငြား ခေါင်းတဆတ်ဆတ်ညိတ်လိုက်သေးသည်။ အရင်လွန်ခဲ့သည့်မွေးနေ့တွေကတော့ သစ္စာက ဘုရားလိုက်ပို့ပေးသည့်အခါလည်းရှိသလို တစ်ခုခုလိုက်ဝယ်ကျွေးသည့် အခါလည်းရှိသည်။စစ်ပြေကတော့ စုထားသည့် မုန့်ဖိုးလေးတွေနှင့် ညနေပိုင်းရောက်သည့်အခါ အိမ်ကလူတွေကို တစ်ခုခုဝယ်ကျွေးတတ်သေးသည်။သို့ပေမဲ့ အမြဲမှတ်မှတ်ရရကြီးလည်း မှတ်ထားဖြစ်ကြတာမဟုတ်တာမို့ သူ့မွေးနေ့ကို ခေါင် သိနေခြင်းကို စစ်ပြေ တကယ်ပဲ ဝမ်းနည်းဝမ်းသာဖြစ်ရပါသည်။

ဖုန်းလေးကို ယူလျက် စစ်ပြေ အောက်ထပ်ဆင်းလာခဲ့လိုက်သည်။

"ကြီးကြီးစော.. နိုးနေပြီလား။ ကျွန်တော် စောထလာတာ.ကြီးကြီးစောထက် နောက်ကျပြန်ပြီ.ဟီး.."

မီးဖိုခန်းထဲတွင် စတင်ချက်ပြုတ်လုပ်ကိုင်နေပြီဖြစ်သည့် ကြီးကြီးစောက စစ်ပြေအသံကြားတော့ လှည့်လာရင်း ပြုံးပြသည်။

အိမ်ကြီးရှင်..သခင့်ထံပါးDonde viven las historias. Descúbrelo ahora