ဒီနေ့နဲ့ဆို ကျွန်တော် နေရောင်မမြင်ရတာ ငါးလ။
တစ်နေ့ တစ်နေ့ ဒီအိမ်ကြီးထဲမှာပဲ။ တစ်ခါတစ်
လေ တီဗွီထဲက နေရာတွေကိုတွေ့တော့ ကျွန်
တော် အပြင်ထွက်ချင်လာသည်။" ဆောင်းဟွန်း ကျွန်တော့်ကို အဲ့ကိုလိုက်ပို့ပေး "
" ကျွန်တော် အဲ့ကိုသွားချင်တယ်။ ပင်လယ်က
ဘာလဲ။ ကျွန်တော် ပင်လယ်သွားချင်တယ် "" အဲ့တာ ဘာလဲ။ ပျော်ဖို့ကောင်းမယ့်ပုံပဲ။
အဲ့အမြင့်စီးတာ စီးချင်တယ်.."တီဗွီကို လက်ညှိုးတထိုးထိုးနှင့် ပူဆာနေတဲ့ကျွန်
တော့်ကို သူ့က နည်းနည်းလေးမှ စိတ်ဝင်စားမှုမ
ပြပါပေ။ အဲ့တာနဲ့ သူအပြင်ထွက်ခါနီးဆို ကျွန်
တော် သူ့နောက်ကနေ တကောက်ကောက်လိုက်
တော့တာပဲ။ သူရေချိုးနေရင် ကျွန်တော်ရေချိုး
ခန်းရှေ့ကစောင့်သည်။" ဆောင်းဟွန်း၊ ကျွန်တော်လည်း လိုက်ချင်တယ်"
သူ အဝတ်လဲနေတဲ့အချိန် ဗီဒိုရှေ့မှာစောင့်
သည်။" ဆောင်းဟွန်း ကျွန်တော့်ကိုခေါ်သွားပါ.."
ဖန်လှေကားကြီးကနေ ဧည့်ခန်း၊ မီးဖိုချောင်နှင့်
အိမ်ပေါက်ဝထိ ကျွန်တော့်ရဲ့ ပူဆာသံတွေကညံ
နေရာပဲ။ ဒီတစ်နေ့လည်း သူကျွန်တော့်စကားနား
မထောင်ဘဲ အေးတိအေးစက်နဲ့ တံခါးတွေရဲ့
နောက် မှာ ကျွန်တော့်ကိုထားခဲ့သည်။ အခုတ
လော ရင်ထဲမှာ တစ်ဆို့ဆို့နဲ့ ခံစားချက်က နည်း
နည်းပိုပြင်းထန်လာသလိုပဲ။ နောက်တစ်နေ့ကျ
ကျွန်တော် သူ့ဖိနပ်တွေကို သယ်ပြီး ကျွန်တော့်
ကုတင်အောက်ထဲ ထိုးထည့်ထားလိုက်သည်။
ပတ်ဆောင်းဟွန်း အလုပ်သွားမည်ဆိုလျှင်သူ့
ဖိနပ်ဗီဒိုမှာ အပေါက်တွေသာ မြင်ရလိမ့်မည်။" ဂင်ဆောနူ !!"
ကျွန်တော် အခန်းထဲ ပြေးပုန်းမလို့ပဲ။ သူက
ကျွန်တော့်ကို မှီလာသည်။ တံခါးဆွဲပိတ်ပေ
မယ့် သူ့အားကို ကျွန်တော်မှ မနိုင်တာ။ စာတမ်း
တွေထဲမှာတော့ ဂြိုလ်သားတွေက လူသားတွေ
ထက်ပိုအင်အားကြီးတယ် ပြောကြတာ။ မဟုတ်
ဘူးများလား ?
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN