ယနေ့တွင်တော့ ပါမောက္ခနှင့် တွေ့ရမည်ဖြစ်သ
ဖြင့် ဆောင်းဟွန်းကိုယ်တိုင် ဆောနူကိုလိုက်ပို့ရ
၏။ ဆောနူက ချောကလက်ရောင် ကုတ်အင်္ကျီ
အရှည်နှင့် သိုးမွှေးခေါင်းစွတ်လေးကြောင့် ငါး
နှစ်သားလေးနှင့်ပင်တူသည်။ ကားပေါ်တွင်ထိုင်
ရင်း သီချင်းတညည်းညည်းနှင့် ပြတင်းပေါက်
ဘက်လှည့်ကာ ခြေထောက်ကလေးတွေကိုလှုပ်
နေလေ၏။ဆောင်းဟွန်း ဆောနူကို တစ်ချက်လှည့်ကြည့်လိုက်ရင်း နှုတ်ခမ်းမှ အပြုံးရေးရေးလေး ဖြစ်ပေါ်သွားပြီးနောက် ကားကို အရှိန်တင်
လိုက်လေသည်။ပါမောက္ခ၏ အလုပ်ခန်းရှေ့အထိ ဆောင်းဟွန်း
လိုက်ပို့ပြီး ဆောနူက သူ့ကို နှုတ်ဆက်လာလေ
၏။" ပြန်တော့မယ်ဆို ဖုန်းဆက်လိုက်။ ပြီးရင်
အရသာရှိတာ သွားစားကြမယ်.."" အင်း.."
ဆောနူက ပြုံး၍ ခေါင်းညှိမ့်ပြ၏။ ထို့နောက်သူ့
ကို လက်ပြကာ အခန်းတွင်းသို့ တံခါးဖွင့်ကာဝင်
သွားလေတော့သည်။ဆောနူ အခန်းတွင်းသို့ ရောက်တော့ ပါမောက္ခက
ကော်ဖီစက်ရှေ့တွင် ကော်ဖီဖျော်နေလေပြီးဆော
နူကို ပြုံးပြ၏။" အိုး.. ဆောနူ ရောက်ပြီလား.."
" ဟုတ်ကဲ့ ပါမောက္ခ.."
ဆောနူ ပါမောက္ခဆီ လျှောက်သွားလိုက်ပြီး သိုင်း
လွယ်ထားသည့် အိတ်ကလေးထဲမှ CD ချပ်လေး
ကို ထုတ်ပေးလိုက်သည်။" ကျေးဇူးတင်ပါတယ်၊ ပါမောက္ခ။ သေချာကြည့်
လိုက်ရပါတယ်.."" ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ နေရာမှာထိုင်ပါဦး.."
ပါမောက္ခက ကော်ဖီခွက်ကိုယူလျက် နှစ်ယောက်
လုံး နေရာတွင်ထိုင်ရင်း စကားစ,လေ၏။" အဲ့တော့ သေချာ နားလည်ခဲ့ရဲ့လား.."
" ဟုတ်ကဲ့။ တကယ် ဆန်းကြယ်စရာကောင်းပါ
တယ်.."" ဟုတ်ပါပြီ။ ဒါဆိုရင် ဒီနေ့ တစ်ခြားအသစ်တစ်
ခုကို ဆွေးနွေးကြတာပေါ့ "" ဟုတ်ကဲ့ ! ကျွန်တော် အသင့်ဖြစ်နေပါပြီ။
ဘယ်လို အကြောင်းအရာမျိုးမဆို စိတ်ဝင်
တစားနဲ့ လေ့လာဖို့ !"
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN