အဲ့လိုစကားမျိုးရှိတယ်မလား။ ကိုယ်စိုက်ပျိုး
တာမှန်ရင်ကိုယ်ပြန်ပြီး ရိတ်သိမ်းရတယ်ဆိုတာ
မျိုး။ မှန်ရဲ့လားတော့ မသိပေမယ့် ကျွန်တော်
အပြစ်လုပ်ခဲ့မိတယ်ထင်ပါတယ်။ကျွန်တော်တို့နှစ်ယောက်ရဲ့ နေ့ရက်တွေမှာ
တစ်ခုခုကတော့ ပြောင်းလဲသွားခဲ့၏။ ဆောင်း
ဟွန်းက ကျွန်တော့်ကို သူ့အခန်းထဲ အဝင်မခံ
တော့သည့် ရက်တွေများလာသည်။ ကျွန်တော်
စကားနားမထောင်လို့ စိတ်ဆိုးသွားတာများလား
လို့ တွေးမိသည်။ အဲ့လိုဆိုရင်တောင် ဆူပူနေတာ
ကမှ အဆင်ပြေသေးသည်။ ကျွန်တော်လည်းဂရု
မစိုက်သလို ဟန်ဆောင်နေပေမယ့် ခံစားချက်အ
စစ်အမှန်ကတော့ ခါးသီးလှ၏။ကျွန်တော့်ရဲ့ မကျေနပ်ချက်တွေအကြောင်း သူ့
ကို မပြောပြနိုင်သောကြောင့် အသံတိတ်ဆန္ဒပြ
နေပေမယ့် သူဂရုတစိုက်ရှိမှာကိုတော့မျှော်လင့်
နေဆဲပါပင်။ ကျွန်တော် သူနှင့်အတူ မနက်ပိုင်း
လိုက် မထတော့တာတောင်မှ အရင်လိုလာမနှိုး
တော့ဘူး။ ကျွန်တော် အိပ်ရာပေါ်မှာ ကျောပူတဲ့
ထိစောင့်နေပေမယ့်လည်း.. နောက်ဆုံး ကျွန်
တော်မနေနိုင်တော့မှ သွားကြည့်လိုက်ရင် မနက်
စာနှင့် ငြိမ်သက်နေသော ဧည့်ခန်းကိုသာတွေ့ရ
၏။အိမ်ပြန်ချိန်တွေမှာလည်း အရင်လို စောင့်မနေ
တော့ဘူး။ ကျွန်တော် နေမကောင်းသာဖြစ်လိုက်
ချင်တယ်။ နေမကောင်းဖြစ်တဲ့အချိန်ဆိုဆောင်း
ဟွန်းကျွန်တော့်ကို လျစ်လျူရှုမထားနိုင်ဘူးလေ။ကျွန်တော် ဝမ်းနည်းနေပေမယ့်လည်း တစ်ချိန်
တည်းမှာဆောင်းဟွန်းကိုပွေ့ဖက်ထားချင်သည်။
ဘာလို့ ကျွန်တော့်ကို ဂရုမစိုက်တာလဲ၊ ဘာလို့ပစ်
ထားနိုင်ရတာလဲ။ ကျွန်တော်ဘယ်လောက်ဝမ်း
နည်းနေလဲ သူ့ကို ပြောပြချင်၏။ ထိုနေ့ညကကျွန်တော် ဆောင်းဟွန်း ပြန်လာချိန်အထိ ကုတင်
ပေါ်တွင် စောင့်နေသည်။ ဆောင်းဟွန်း ပြန်လာတာ နောက်ကျ၏။ ကျွန်တော် ဆောင်းဟွန်းပြန်
လာတာကို ဘာလို့သိနေတာလဲဆိုတော့ ချောင်း
ဆိုးသံတွေ အခန်းထဲက ဆက်တိုက်ကြားနေရ
တာကြောင့်လေ။ကျွန်တော့်အိပ်ခန်းတံခါးကို ဖြည်းဖြည်းလေး
ဖွင့်ကာ အပြင်ကို ကြည့်လိုက်၏။ မျက်နှာချင်း
ဆိုင်မှ ဆောင်းဟွန်း၏ အခန်းက တံခါးပိတ်ထား
သည်။ ကျွန်တော် ဖြည်းဖြည်းချင်း တစ်လှမ်းဆီ
လှမ်းသွားကာ အခန်းတံခါးကို နားနှင့်ကပ်လိုက်
ပေမယ့် အသံတွေက အခန်းထဲက လာတာမ ဟုတ်။ ကျွန်တော် ဟိုဟိုဒီဒီကြည့်လိုက်ပြီးမှလေ
တဖြူးဖြူးတိုက်နေသည့် ဝရံတာဘက်တွင်လူ
ရိပ်တွေ့လိုက် မိ၏။ မီးပိတ်ထားသည့်ပြီးအင်္ကျီ
အနက်ရောင် ဝတ်ထားသည့်တိုင် ဆောင်းဟွန်း
၏ ကျောပြင်ကို ကျွန်တော်မှတ်မိနေပါသေး၏။
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN