ဆောနူက မထွက်သွားခင်အထိ ဆောင်းဟွန်း
မျက်နှာကို မကြည့်ခဲ့ပေ။ ဆောနူ ထွက်သွား
ခဲ့ပြီ။ သူတို့ရဲ့ အိမ်လေးထဲ သူတစ်ယောက်
သာ ကျန်ရှိခဲ့လေပြီ။ ဆောင်းဟွန်း အခြေမခိုင်
စွာ ကြမ်းပြင်တွင် ပြိုလဲကျသွား၏။ သူ့ကျော
ပြင်ကို အထိန်းအကွတ်အနေနှင့် နံရံတွင်ကပ်
ထားမိရင်း သူ့အမြင်အာရုံထဲမြင်နေရသည်က
တော့ သူတို့နှစ်ဦး၏ ပုံရိပ်တွေသာ။ ပြန်ကောက်
ယူထားသည့် ဆောနူ၏ လက်စွတ်ကလေးကို
ကြည့်ရင်း ဆောင်းဟွန်း ထိုနောက်ဆုံးအချိန်က
ဆောနူ၏ မျက်နှာကို မှတ်မိနေသေးသည်။သူ့ကိုနာကျည်းမုန်းတီးစွာ ကြည့်နေသည့် ထို
မျက်ဝန်းများက စတွေ့ခဲ့တုန်းက ကြည်စင်မှု
မျိုးနှင့် ပြန်အစားမထိုးနိုင်တော့ပေ။ ဘယ်သူလဲဟင်..
အဲ့တုန်းက မပြောနိုင်ခဲ့ပေမယ့် အရမ်းချစ်စရာ
ကောင်းခဲ့တာ။ အနည်းဆုံးတော့ ဆောနူရဲ့ ငယ်
ဘဝနဲ့ ဆယ်ကျော်သက်အရွယ်မှာ သူရှိခဲ့လို့ကျေး
ဇူးတင်မိသည်။ ဆောင်းဟွန်း ဆောနူ၏လက် ထက် လက်စွတ်အား သူ့လက်သန်းလေးတွင်ဝတ်
လိုက်ထားသည်။ဆောင်းဟွန်း ထိုအတိုင်းထိုင်နေမိစဉ် သူ့လက်
တွေကို လာပွတ်သပ်နေသည့် တစ်စုံတစ်ရာ။" ဂင်ဘတ်.."
ဂင်ဘတ်ကိုတောင် မခေါ်သွားဘူးပဲ။ ဆောနူက
တကယ် သူပြောသည့်အတိုင်း ဆောင်းဟွန်းရဲ့
အမှတ်တရမှန်သမျှကို သူ့ဆီမှာပဲထားခဲ့ချင်ပုံ
ရသည်။ ဆောင်းဟွန်း ဂင်ဘတ်ကို ချီလိုက်ပြီး
ခေါင်းလေးကို ပွတ်ပေးနေကာ လည်ပတ်ကို
ဖြုတ်ပေးလိုက်၏။ အပြင်းအထန်ချောင်းဆိုး
လာတာကြောင့် သူ့လက်တွေက တုန်ယင်နေပြီး
လူက မောဟိုက်နေသည်။ကာကွယ်ရေးတပ်မှူး.. တာဝန် ၊ ပြီးဆုံး။
" ဂင်ဆောနူ.. ကနေဒါကို ထွက်သွားပြီ.."
" ဘာ.."
ဟန်ဘင်း ယူဂျင်းပြောသည်ကို ကြားလိုက်ရသ
ဖြင့် အနည်းငယ် အံ့ဩသွားသည်။ ဖြစ်နိုင်တာ
ကတော့ သူတို့ရဲ့ မနေ့ကလုပ်ရပ်ကြောင့် ဆောင်း
ဟွန်းစိတ်ပူပြီး နေ့ချင်းညချင်း အဝေးကိုပို့လိုက်
တာများလား။ ဟန်ဘင်းတစ်ချက်ရယ်လိုက်ပြီး..
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN