ဆောင်းဟွန်း နောက်ဆုံးအကြိမ်မှန်းမသိ
ဆန်းဝန်းအိမ်ကိုရောက်ဖြစ်ခဲ့သည့် အချိန်ကတော့ နေသာသည့်နေ့တစ်နေ့ဖြစ်ခဲ့၏။
ဆောင်းဟွန်းကို တစ်ခါထပ်မက တွေ့ဖူး
နေပြီဖြစ်သည့် အိမ်စေတွေက ခြံတံခါးကို
လာဖွင့်ပေးသည်။သူ့လက်ထဲတွင်တော့ လာရင်းလမ်းတွင်တွေ့
လာသည့် ရောင်ပြန်စက္ကူချောင်းလေးကိုင်
ထား၏။ ခြံထဲနည်းနည်းဝင်လိုက်သည်နှင့်
မြက်ခင်းပြင်ပေါ်တွင် တစ်ယောက်တည်း
ကစားနေသည့် ဆန်းဝန်းညီလေးကို တွေ့ရ
၏။" ဟို.. သခင်လေးဆန်းဝန်းနဲ့ ဆက်သွယ်ထား
သေးလားမသိဘူးရှင့်။ သခင်လေးက အခုထိ
ပြန်မရောက်သေးပါဘူး.."" အဆင်ပြေပါတယ်။ ကျွန်တော်တို့ဒီနေ့တွေ့
ဖို့ ပြောထားပြီးသားပါ။ သူပြန်လာလိမ့်မယ်.."" ဒါဆိုရင် အိမ်ထဲဝင်.."
" ဒီမှာ ရှိနေလိုက် မယ်.."
ဆောင်းဟွန်း သူ့သဘောထားကို ပြောပြပြီးသည်
နှင့် မြက်ခင်းပြင်ဘက်သို့ ထွက်လာလိုက်သည်။
သို့သော် အနောက် မှ အမျိုးသမီးက သူ့ကိုရပ်ပြီး
စောင့်နေသည်ကို ခံစားမိသောကြောင့်နောက်ကို
ပြန်လှည့်ကာ ပြောလိုက်၏။" ကျွန်တော့်ကို ဘာမှလုပ်ပေးစရာမလိုပါဘူး..
ကိုယ်လုပ်စရာရှိတာ သွားလုပ်လို့ရပါတယ်။
ဒါမှမဟုတ် ကျွန်တော့်ကို မသင်္ကာလို့ဆိုရင်
တော့.."ထိုအခါ အိမ်စေက တုန်လှုပ်စွာချက်ချင်းတောင်း
ပန်လာ၏။" မဟုတ်ပါဘူး.. အထင်လွဲအောင်လုပ်မိရင်
တောင်းပန်ပါတယ်။ ဟို သခင်လေးဆောနူ..
နှောင့်ယှက် မှာစိုးလို့ပါ.."ဆောင်းဟွန်း နားမလည်စွာမျက် မှောင်ကျုံ့
လိုက်၏။ တကယ်ပဲ ဘာလို့များ သာမာန် က
လေးတစ်ယောက်ကို ဒီလောက် စောင့်ကြည့်
ပြီး ကလေးကဘာလို့အမြဲ တစ်ယောက်တည်း
ဆော့နေရတာလဲဆိုတာကို သူနားမလည်တော့
ပေ။" ကလေးက ဘာလုပ်နိုင်မှာမို့လို့.. တော်ပါပြီ။
ဒီတိုင်းထားခဲ့လည်း ရပါတယ်.."ဆောင်းဟွန်းကို အမှားလုပ်မိမည်စိုး၍ အိမ်စေ
အမျိုးသမီးသည်လည်း အရိုအသေပြုကာခပ်
သုတ်သုတ်ထွက်သွားတော့သည်။ ထို့နောက်
ဆောင်းဟွန်း ဆောနူရှိရာသို့ပြန်လှည့်လိုက်လေ
သည်။
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN