အလှူရှင်ဘက် မှ သဘောတူညီမှုရပြီးသည်နှင့်
ဆေးရုံတွင် အရေးပေါ်ခွဲစိတ်ရန် စတင်ပြင်ဆင်
ကြပြီ ဖြစ်သည်။ ဆောနူ တိုင်ကပ်နာရီကိုကြည့်
လိုက်ရင်း ဆောင်းဟွန်း၏ လက်အားဆုတ်ကိုင်
ထားသည်။ ဂျောင်ဝန်းလည်း အနားတွင်ရှိနေ၏။" အခု အချိန်ကျပါပြီ "
ဆောင်းဟွန်းကို ခွဲစိတ်ခန်းထဲ ခေါ်သွားရန် ဆေး
ရုံ ဝန်းထမ်းများ ရောက်လာပြီဖြစ်သည်။ ဆောနူ
မှာ ဆောင်းဟွန်းကို မလွှတ်နိုင်ဘဲ ရှိနေဆဲဖြစ်တာ
ကြောင့် ဂျောင်ဝန်းက ဆောနူကို ပုခုံးမှထိန်းကိုင်
ကာ သူ့အနားခေါ်ထားလိုက်၏။တစ်ဖက်ခန်းတွင်
လည်း အော်ဒရေ့ကို အခန်းထဲမှ ထုတ်သွားပြီ
ဖြစ်ကာ အယ်လီနာက အော်ဒရေ၏နောက်ဆုံးအ
ချိန်ကို မကြည့်နိုင်ဘဲ ကျောခိုင်း၍ သူငယ်ချင်း
ဖြစ်သူ၏ ပုခုံးပေါ်တွင် ငိုနေလေသည်။ ဆောနူ
ထိုနေရာမှ အကြည့်ပြန်လွှဲလိုက်ပြီး အရှေ့ကတစ်
ရွေ့ရွေ့သွားနေသော ဆောင်းဟွန်း၏ ကုတင်
နောက် မှ ထပ်ကြပ်မကွာလိုက်လာလေသည်။ခွဲခန်းထဲသို့ဝင်ခါနီးတွင် သွားနေသည့် ကုတင်မှာ
ခဏရပ်သွား၏။ အကြောင်းမှာ ဆောင်းဟွန်းက
ခဏရပ်နေပါရန် လက်ထောင်၍ အချက်ပြလိုက်
သော ကြောင့်ပင်။ ဆောနူ ဆောင်းဟွန်းနားသို့
အပြေးသွားလိုက်သည်။ ဆောင်းဟွန်းက ခေါင်း
ကို သူ့ဆီဖြည်းဖြည်းချင်း လှည့်လာပြီး ဆောနူ
၏ ပါးလေးကို ဖွဖွလေးကိုင်လိုက်၏။" ခဏပဲ.. သွားပြီး ပြန်လာခဲ့မယ်.."
ဆောနူ မျက်ရည်လေးများဝဲကာ ခေါင်းကိုဖြည်း
ဖြည်းချင်း ညှိမ့်ပြလိုက်၏။" ကျိန်းသေ.. ပြန်လာရမယ်နော် "
ဆောင်းဟွန်းသည် အောက်စီဂျင်မက္စ် အောက်
မှ ဖွဖွလေးပြုံးပြလိုက်ပြီးနောက် သူ့တို့၏ လက်
တွေမှ အမျှင်မပြတ်သေးခင်မှာပင် ဆောင်းဟွန်း
က ခွဲစိတ်ခန်းထဲသို့ ဝင်သွားရပြီဖြစ်သည်။ ခွဲခန်း
အတွင်း ဆရာဝန်များဝင်လာချိန်ဆောင်းဟွန်းမှာ
မေ့ဆေးပေးပြီး အနေအထားဖြစ်သည်။ လူနာနှစ်
ဦးက ဘေးချင်းကပ်ရှိနေပြီး ဆရာဝန်နှစ်ဦးက
လည်း တစ်ပြိုင်တည်း နေရာယူလိုက်လေသည်။
အော်ဒရေ၏ အခြေအနေကို စောင့်ကြည့်နေသူ
မှာ ဆရာဝန်၏ အချက်ပြမှုကို မြင်သည်နှင့်အော်
ဒရေ၏ အောက်စီဂျင်စက်ကို ပိတ်လိုက်တော့
သည်။
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN