Final : The Last

1.1K 167 63
                                    


ဆောနူ တစ်ညလုံး နိုးတစ်ဝက် အိပ်တစ်ဝက်နှင့်
သာ ရှိနေ၏။ ဆောင်းဟွန်းက သူ့ကို သန့်ရှင်း‌ရေး
လုပ်ပေးနေတာ၊ အင်္ကျီပြန်ဝတ်ပေးတာ။ နောက်
တော့ သူ့ဘေးနားဝင်လှဲပြီး သူ့ကို ရင်ခွင်ထဲထည့်
ကာ " ကောင်းကောင်းအိပ် " ဆိုသည့် ကပ်တိုး
ပြောသံလေးနှင့် အနမ်းဖွဖွလေးရယ်ကိုရပြီး
နောက် ကျင့်သားရနေသည့်အတိုင်း ဆောင်း
ဟွန်း၏ ရင်အုပ်ကျယ်တွေထဲ တိုးဝင်ကာချက်
ချင်းပင် အိပ်ငွေ့ကျသွား၏။

ပထမတစ်ခေါက် ဆောင်းဟွန်း သူ့ကို နှိုးသေး
သည်ဟု ထင်၏။ သို့သော် ဆောနူ မျက်လုံးဖွင့်
ရန် အားနည်းလွန်းနေရာ မှုန်မှုန်ဝါးဝါးနှင့်ဆောင်း
ဟွန်း အခန်းထဲက ထွက်သွားသည်ကိုသာ မြင်
လိုက်ရသည်။ သူ့လက်ကို ဆန့်တန်းကာ လှမ်းတား လိုက်သော်လည်း ဆောင်းဟွန်းက သူ့လက်
ကလေးကို ဆုပ်ကိုင်ကာ နဖူးကို အနမ်းဖွဖွပေး၍ "ပြန်လာခဲ့မယ်" ဟုပြောကာ ထွက်သွားပြီးနောက် ဆောနူလည်း ပြန်ပြီး အိပ်ပျော်သွားတော့သည်။

နောက်ဆုံးတစ်ခေါက် သူနိုးလာတော့ အပြင်တွင်
နေဝင်နေပြီ ဖြစ်သည်။ ဆောင်းဟွန်းက သူ့ခေါင်း
ကို လက်ဖဝါးဖြင့် အုပ်ရင်း နဖူးလေးကို ပွတ်သပ်
လျက် " နိုးပြီလား " ဟု မေးနေသည်။ ဆောနူ
မျက်လုံးများကို ပွတ်လိုက်ပြီးနောက် ဆောင်းဟွန်း၏ မျက်နှာက ရှင်းလင်းလာသည်။

" ဘယ်သွားတာလဲ "

ကွဲအက်နေသည့် အသံကိုကြားရတော့ သူ့အသံပင် ဟုတ်ရဲ့လားဟု ဆောနူ လန့်သွားသည်။

ဆောင်းဟွန်းက ရေကရားထဲက ရေတစ်ခွက်ယူ
ပေးပြီး ဆောနူ၏ နှုတ်ခမ်းနားကို တေ့ပေးလာ
၏။ ယုန်နားရွက်ခေါင်းစွပ်လေးထဲ မြုပ်နေသူ
မှာ အမှန်ကို ယုန်ဖြူလေးနှင့်ပင် တူနေလေ၏။
ထိုယုန်ဖြူလေး၏ နူးညံ့သည့်အသားအရည်ပေါ်
တွင် မညင်သာသည့် အထိအတွေ့၏ အမှတ်ရာ
များက အရောင်စွန်းနေပုံမှာ သူ့ရဲ့တွဲဖက်အား
စိတ်ထဲမှ ကျေနပ်အားရဖြစ်စေသလို တစ်ချိန်
တည်းတွင်လည်း တစ်ခြားဘယ်သူ့ကိုမှပေးမမြင်
သင့်သည့် မြင်ကွင်းတစ်ခုလို ခံစားရစေသည်။

လက်သေးသေးလေးတွေနှင့် ရေခွက်ကိုကိုင်
သောက်ပြီးနောက် ‌ဘေးတွင်အသင့်ယူထား
သော ခရမ်အပြည့်ဖြင့် ပန်ကိတ်နှင့်ပျားရည်
ကို ခွရင်းဖြင့် ထိုးကာ ဆောနူ၏ နှုတ်ခမ်းနား
သို့ တိုးပေးလိုက်တော့ ခေါင်းလေးကိုရှေ့တိုး
ကာ ပါးစပ်ထဲထည့်ပြီး တမြုံ့မြုံ့နှင့်ဝါးနေ
၏။

my little alien : our homeWhere stories live. Discover now