အခုတလော ကျွန်တော်စိတ်ဝင်စားနေတာရှိ
တယ်ရော်။ မီးပန်းတွေ။ မနေ့ကပဲ တီဗွီမှာတွေ့
လိုက်ရသည်။ ဂျပန်နိုင်ငံက မီးပန်းပွဲတော်။အဲ့ဒါက ဂျပန်နိုင်ငံရဲ့ အထင်ကရပွဲတော်တစ်ခုလည်းဖြစ်ပြီးတော့ မိနစ်ကိုးဆယ်လောက် မရပ်မနား မီးပန်းတေွဖောက်ကြတာတဲ့။" ဆောင်းဟွန်း၊ ကျွန်တော် ဂျပန်နိုင်ငံက
မီးပန်းပွဲတော်ကို သွားချင်တယ်.."ညစာစားနေသည့် ဆောင်းဟွန်းဘေးတွင်ထိုင်
ရင်း ကျွန်တော် ပြောလိုက်သည်။" ဒီမှာလည်း ရှိတယ်.."
" ရှိတာလား..?"
ကျွန်တော် အံ့ဩသွားသည်။ကျွန်တော် တစ်ခါ
မှ မမြင်ခဲ့ဖူးပေ။ ဒီလောက်လှတဲ့ အရာမျိုးကို
ဘာလို့ ကျွန်တော်မမြင်အောင် ဖွက်ထားကြတာ
လဲ။" အဲ့တာက အဲ့လိုမျိုးလား၊ ပုံစံမျိုးစုံနဲ့၊ မိနစ်
ကိုးဆယ်လောက် အကြာကြီးလေ.. ကျွန်တော်
အကြာကြီး ကြည့်ချင်တာ.."ဆောင်းဟွန်းက စားလက်စတူကို ချလိုက်ပြီး
ပြော၏။" မင်း ဘာလို့ ဖြစ်ချင်တာတွေ အရမ်းများရ
တာလဲ.."" အဲ့တာက.. စူးစမ်း.. လေ့လာ ချင်စိတ်လို့
ပြောရမယ် ထင်တယ်။ ဂြိုလ်သားတွေရဲ့
ပင်ကိုယ်ဗီဇတွေထဲက တစ်ခုပေါ့.."ထို့နောက် ဆောင်းဟွန်းက နှုတ်ခမ်းကို ပုဝါ
ဖြင့် သုတ်လိုက်ပြီး.." ဟုတ်တယ်။ ဒါဆိုရင် ဟင်းချက်တာလည်း
လေ့လာကြည့်ပါလား။ နောက်ပိုင်း အလုပ်များ
လာတာနဲ့ မနက်ငါးနာရီ ထမင်းသုံးနပ်စာထချက်
ရတဲ့အလုပ်ကို ငါ့ခန္ဓာကိုယ်က လက် မခံနိုင်တော့
ဘူးထင်တယ်.."အဲ့တာကတော့ နည်းနည်းစဉ်းစားရမည်။ ဟင်း
ချက်တာနှင့် ပတ်သတ်ပြီး ကျွန်တော့်မှာ အမြင်
ကောင်းတွေ ရှိမနေ။ ကိုယ့်ဘက်က တစ်ခုခုပြန်
ခုခံရမည်ကို စဉ်းစားမိတော့ ခေါင်းထဲကတစ်
ကြောင်းသာထွက်လာသည်။" ကျွန်တော်လည်း.. ကျွန်တော်လည်း.. ဂင်ဘတ်
အတွက် သုံးနပ်စာ ပြင်ပေးရတယ်လေ။ အစာ
လည်း ကိုယ်တိုင် သွားဝယ်ရတာ ! ကျွန်တော်လည်းပင်ပန်းတယ် !!"
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN