My little alien 2.6

814 169 36
                                    



နောက်ပိုင်းတွင် ဆောင်းဟွန်း၏ ရောဂါလက္ခဏာ
များ ပိုဆိုးလာသည်နှင့်အမျှ တစ်အိမ်ထဲတွင်နေရ
သည့်တိုင် ဆောနူကို ရှောင်ရသည်။

ဆောနူကတော့ သူ့ကိုစိတ်ကောက်ကာ လျစ်လျူ
ရှူနေတာမျိုးဖြစ်နိုင်ပြီး ဆောင်းဟွန်းလည်းထို
အတိုင်းပင် ဆက်၍ထားလိုက်သည်။ ဒါမှသူသွား
တဲ့အခါ ဆောနူက သူ့ကိုပိုပြီးသံယောဇဉ်ဖြတ်နိုင်မှာ။ သူ့ရဲ့လက္ခဏာတွေက နေ့စဉ်လုပ်ငန်းဆောင် တာတွေမှာပါ သိသာလာသည့်အချိန် ဆန်းဝန်းကို
ရှာဖွေသည့်အင်အားကို ပို၍တိုးစေခဲ့သည်။

သူ့မှာအချိန်မရှိတော့ဘူး။ ဆက်ပြီးတော့လည်း
ဟန်မပျက် တောင့်မခံနိုင်တော့ဘူး။

သို့သော် မထင်ထားသည်မှာ ဆောနူကပို၍လိမ္မာ
လာခြင်း ဖြစ်၏။ သူ့ကို ပြဿနာမရှာဘူး၊ မနက်
အစောကြီး ပြန်ထပြီး မလုပ်တတ် လုပ်တတ်နှင့်
ကူလုပ်သည်။ ဆောနူကတော့ သူကောင်းကောင်း
လုပ်နေတယ်လို့ထင်နိုင်ပေမယ့် ဆောင်းဟွန်း၏
အမြင်ထဲတွင်တော့ ဆောနူက သူ့ကိုစွန့်ပစ်သွား
မှာ ကြောက်သဖြင့် ထိုသို့ နေနေမှန်းသိသာနေရ
ပြီး ထိုအရာကပင် ဆောင်းဟွန်းကို မကြည့်နိုင်
အောင် ဝမ်းနည်းစေသည်။









ဆောင်းဟွန်း ရေချိုးခန်းထဲမှထွက်လာစဉ်အ
ဝတ် ဗီဒိုရှေ့၌ ရပ်နေသည့်ဆောနူက အနည်း
ငယ်ယောက်ယက်ခတ်သွားသည်ကို ဆောင်းဟွန်းတွေ့ လိုက်ရသည်။ ဆောနူက နှုတ်ခမ်းလေးလှုပ်ရုံ ပြုံးပြလျက် အင်္ကျီထုတ်ပေးမလို့
ဟု ပြောကာ အလျင်အမြန်ပဲ အခန်းထဲမှထွက်
ပြေးသွားလေသည်။

ဆောင်းဟွန်း အတန်ကြာအောင် ရပ်နေပြီးနောက်
တစ်စုံတစ်ခုကို သတိရလိုက်ကာ အဝတ်ဗီဒိုကိုဖွင့် ကြည့်လိုက်တော့ နေရာအနည်းငယ်ရွေ့နေ
သည့် လက်စွပ်ဘူးကို တွေ့လိုက်ရသည်။ ထိုအ
ရာက သူနှင့် ယူဂျင်း၏ စေ့စပ်လက်စွပ်ဖြစ်ပြီး
ထိုနေ့ကတည်းက ချွတ်၍ပြန်ထည့်ထားပြီးနောက် ထိုအတိုင်းထားထားလိုက်တာဖြစ်သည်။
ဆောင်းဟွန်း ဘူးကိုဖွင့်ကြည့်လိုက်စဉ် လက်စွပ်
ကရှိနေသေး၏။ ထို့နောက်တွင် ထိုဘူးကိုကိုင်
လျက် အခန်းထဲကအမှိုက်ပုံးဆီလျှောက်သွားကာ
ထိုအတိုင်းပင် ပစ်ထည့်လိုက်တော့၏။ မသိမသာ
စိတ်၏ လေးပင်မှုနှင့်အတူ သက်ပြင်းချလိုက် မိ
သည်။








my little alien : our homeWhere stories live. Discover now