" စေ့စပ်တာကို ဖျက်ချင်တယ် ? ဟုတ်လား.."
အဖွားက ဝှီးချဲပေါ်တွင် ထိုင်ရင်း ဆောင်းဟွန်း
၏ စကားကို မယုံကြည်နိုင်သလို ပြန်မေးလာ
၏။ သူ့ရဲ့ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော
ယူဂျင်းမှာလည်း ဆောင်းဟွန်းကို စူးစိုက်စွာ
ကြည့်လာလေ၏။ ဟန်ဘင်းက ဘယ်သူ့မှမ
မြင်ခင် ခိုးရယ်လိုက် မိပြီး ယူရာကလည်း အံ့
ဩသွားပေမယ့် ပြုံးချင်နေသည့် နှုတ်ခမ်းတွေ
ကို ထိန်းလိုက်၏။ယူဂျင်းရဲ့မိဘတွေဖြစ်သည့် ဦးလေးနှင့်အန်တီ
က ဆောင်းဟွန်းအပေါ် ခက်ထန်နေတော့သည်။" မဟုတ်သေးဘူး။ အဲ့တာ ဘာစကားလဲ.."
" ကျွန်တော် သဘောကျတဲ့လူတွေရင် အဲ့လူကို
ရွေးချယ်လို့ရတယ်လို့ အဖွားပြောခဲ့တယ်.."" အဲ့တာက.. ဒီအတိုင်း စကားအဖြစ်.. "
ဆောင်းဟွန်းက အလွန်အနေအေးသည့်သူ။ သူ
သဘောကျတဲ့လူဆိုတာမျိုး ဘယ်တော့မှရှာတွေ့
လာမှာ မဟုတ်သောကြောင့် ထိုအချိန်က စေ့စပ်
တာကို သဘောတူရန်သာ စကားအဖြစ်ပြောခဲ့
ခြင်းဖြစ်လေသည်။" အဲ့တော့ ဘယ်သူလဲ။ ဘယ်အိမ်ကလဲ။ ဘာ
လုပ်တဲ့လူတဲ့လဲ.."ဆောင်းဟွန်းက တည်ငြိမ်သည့်မျက်နှာကိုသာဆက်ထိန်းထားရင်း..
" အဲ့တာတော့.. အခု ပြောပြလို့မရသေးပါဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်တော် သူနဲ့ အမြန်ဆုံးလက်
ထက် မှာမို့လို့ အဲ့တာလေးတော့ သိထားပေးပါ"ဆောင်းဟွန်းနေရာမှ ထကာ အဖွားကိုအရိုအသေ
ပေးလိုက်သည်။" စိတ်ပျက်စေမိလို့တောင်းပန်ပါတယ်.."
ဆောင်းဟွန်း ခါးကိုပြန်မတ်လိုက်ပြီး လျှောက်
ထွက်လာတော့ ဂိုယူရာက ဆောင်းဟွန်းကိုပဲ
လိုက်ကြည့်နေမိပြီး.. " အိုပါး...." ဟု တိုးတိုးလေး
ခေါ်လိုက် မိပေမယ့် တစ်ဝမ်းကွဲအစ်မဖြစ်သူက
သူမရှေ့က ဖြတ်ကာ ဆောင်းဟွန်းနောက်ကို
လိုက်နှင့်နေပြီး ဖြစ်လေသည်။" ဆောင်းဟွန်းနား.. ခဏလေး.."
သူမရဲ့ သက်တောင့်သက်သာမဖြစ်သည့်ဒေါက်
ဖိနပ်ဖြင့် ဆောင်းဟွန်းနောက်ကို ပြေးလိုက်နေ
သည်ကို သိရတော့ ဆောင်းဟွန်း လမ်းတစ်ဝက်
တွင် ရပ်ကာ လှည့်ကြည့်လိုက်သည်။ ယူဂျင်းက
သူ့ဆီလျှောက်လာကာ သူ့ရှေ့တွင် ခြေစုံရပ်
လျက် ပြောလာလေ၏။
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN