My little alien : Final I

1.2K 184 69
                                    

ဆောနူ၏ ပြန်လည်မွန်းမံထားသော နေ့တစ်နေ့။

မနက်ခင်း အိပ်ရာနိုးလာချိန်တွင်ဆောနူသည်ဆောင်းဟွန်း၏ ရင်ခွင်ထဲတွင်ဖြစ်သည်။ ယ
ခင်လို ဂြိုလ်တုသတင်းလည်း ထကြည့်စရာမ
လိုတော့ပေမယ့် ဆောနူကတော့ စကြာဝဌာကြီး
ကို နှစ်သက်ဆဲပါပင်။ သို့သော် စကြာဝဌာကြီးထက် ဆောင်းဟွန်းကိုပို၍ နှစ်သက်သည်။

ဆောင်းဟွန်းက နိုးလာလျှင် သူ့ရဲ့ မျက်နှာချော
ချောကို နှစ်ကြိမ်သုံးကြိမ်မျှ ပွတ်သတ်လိုက်ပြီး
ဆောနူပါးကို နမ်းမွှေးကာ မနက်ခင်းကိုစတင်ကြ
သည်။

မှန်ရှေ့တွင် နှစ်ယောက်အတူတူရပ်ရင်း သွား
တိုက်ကြစဉ် ဆောနူက အိပ်ချင်မူးတူးဖြစ်နေ
တုန်းပင်။ ဆောင်းဟွန်း၏ လက် မောင်းပေါ်
ပျင်းတွဲတွဲမှီကာ မျက်လုံးမပွင့်တပွင့်ဖြင့် သွား
ကို လေးလေးပင်ပင် တိုက်သည်။ ထို့နောက်
သူတို့နှစ်ဦး မနက်စာအတွက် အတူတူပြင်ဆင်
ကြ၏။ ဆောင်းဟွန်းက sausage တွေကို frying pan ထဲထည့်ကာ အရောင်ပြောင်းလာ
သည်အထိ လှိမ့်နေတုန်း သူ့နောက်က ဆောနူ
ဘာလုပ်နေမှန်း သတိမထားမိပေ။ ဆောနူက
ရေခဲ သေတ္တာထဲ ခေါင်းဝင်လျက် နို့တစ်ဗူးနှင့်
cereal တွေကို ထုတ်ကာ ပန်းကန်ထဲလောင်း
ထည့်နေသည်။ အရှိန်မထိန်းနိုင်စွာ နို့တွေက
ပန်းကန်လုံးထဲက ခုန်ထွက်သွားပြီး စားပွဲကို
ညစ်ပေစေပြီးနောက် ဆောင်းဟွန်းကို မချိုမ
ချဉ်လေး ပြုံးပြကာ ပြောလာသည်။

" ဆူး ရီး.. ( sorry )"

ဆောင်းဟွန်းလည်း ဆူမလို့ပေမယ့် ထိုအသံလေး
ကြားပြီး ရယ်သာရယ်ကာ ဘေကွန်တွေဆက်ပြင်
နေတော့သည်။ ထိုသို့နှင့် နှစ်ဦးသား မနက်စာစား
ပြီးနောက် ဆောင်းဟွန်း အလုပ်သွားရန် ဆောနူ
က ကူညီ၍ရှုတ်ပေးလေသည်။ ဆောင်းဟွန်းက
အင်္ကျီကြယ်သီးတပ်နေရင်း ဗီဒိုထဲတွင် ဟိုရွေးဒီ
ရွေးလုပ်နေသည့် ဆောနူကို စိတ်ရှည်ရှည်စောင့်
ပေးနေ၏။ ထို့နောက် ဆောနူက နက်ခတိုင်သုံး
လေးခုလောက် ထုတ်လာပြီး သူ့လက်ပေါ်မှာတန်း
ထားကာ ဆောင်းဟွန်း၏ လည်ပင်းနှင့်ချိန်ကြည့်
နေ၏။

" ဒီဟာနဲ့ လိုက်လား၊ ဟင့်အင်း.. ဒါနဲ့ရော.."

သူ့ စိတ်ကြိုက်ရွေးပြီးရင်လည်း မပြီးသေးဘူး။
မျက် မှောင်ကြီး ကျုံ့ပြီး မရမကချည်ပေးနေ
သည်ကို ဆောင်းဟွန်း ငြိမ်ခံနေရ၏။ ငြိမ်မခံရင်
လည်း ကောက်သေးတာ။ လုပ်တတ်လားဆိုတော့
လည်း..

my little alien : our homeWhere stories live. Discover now