Letter from author ꩜.ᐟ

877 129 46
                                    

Little alien နဲ့ ပတ်သတ်ပြီး ပြောစရာတွေအ
များကြီး ရှိနေတာ။ ရေးနေတုန်းလည်း ပြောချင်
တာတွေ အများကြီးပဲ။ ဇာတ်သိမ်းနဲ့ပတ်သတ်
ပြီးတော့လည်း ပြောစရာလေးရှိ‌တာကြောင့် ဒီ
စာလေးကို အဆုံးထိ ဖတ်ပေးပါရှင်။

ကိုယ့်အကြောင်း သိတဲ့အတိုင်း၊ fanfic ဆိုပြီး
လည်း ပေါ့ပေါ့ပါးပါး ဘယ်တော့မှ မရေးဖူးသ
လို အမြဲ ဇာတ်အိမ်ကို သေချာစဉ်းစားပြီး ဒိုင်
ယာလော့တွေက အစ OOC မဖြစ်အောင် အမြဲ
ထပ်ခါထပ်ခါ စစ်တယ်။ အဲ့လို ရေးတဲ့အထဲမှာ
မှ little alien က ကိုယ့်အတွက် အခက်ဆုံးနဲ့
ဖျက်ရာ ပြင်ရာ အများဆုံး၊ စိတ်အပင်ပန်းဆုံး
fanfic ပဲ။ နောက်တစ်ခါ ဒီလို genre မျိုးမရေး
တော့ဘူးလို့ တွေးမိတဲ့အထိပဲ။

ပိုဆိုးတာက ဆောနူ POV ကို one person  point of view ကနေ ရေးလိုက် မိတာ တိုင်
ပတ်တာ။ သာမာန်လူတစ်ယောက်ဆို သူ့အတွေးကို ကိုယ်ချင်းစာပြီး ဖော်ပြလို့ရတယ်လေ။ ဒါပေမယ့် ဒီဂင်ဆောနူက ယဉ်ယဉ်လေးရူးနေတာ။ သူ့နေရာကနေ ဝင်ခံစားပြီးရေးတော့ ကိုယ်ပါ အရူးဖြစ်ရော။ သာမာန်လူကဒီလိုတွေးပေမယ့် သူက ဘယ်လိုတွေးမှာလဲ ဆိုပြီး လိုက်တွေးနေတာ။

အဲ့ရှေ့ပိုင်းတွေမှာ update ကြာတာက ရေးထား
လိုက် OOC ဖြစ်လိုက်၊ တစ်ပိုင်းလုံးဖျက်ချလိုက်
အသစ်ပြန်တွေးလိုက် ရေးလိုက်နဲ့။ အပြင်မှာလာ
ကြည့်ရင် အလုပ်ကတစ်ဖက်၊ နားတဲ့အချိန်လည်း
သူတို့ကိစ္စကို ဘယ်လိုဆက်ရမလဲဆိုပြီး brain
storming လုပ်နေတဲ့ စုတ်စုတ်ပဲ့ပဲ့ nayy ကိုပဲ
မြင်ရမယ်။

သူ့ ခံစားချက်ကိုလည်း သူမထိန်းချုပ်နိုင်တော့
ရှေ့ပိုင်းတွေက ရယ်ရလိုက်၊ ငိုရလိုက်တော့ဖြစ်
နေလိမ့်မယ်။ ဘာလို့ဆို သူကိုယ်တိုင်ကလည်း
ပျော်လိုက် ငိုလိုက်ဖြစ်နေတာဆိုတော့။ ဆောင်း
ဟွန်း အပိုင်းရောက်လာလေ ပျော်စရာနည်းလာ
လေ၊ ဝမ်းနည်းစရာများလာလေပဲ။

ဇာတ်သိမ်းပိုင်းမှာတော့ နည်းနည်းဝမ်းနည်းစရာ
လေးနဲ့ ဆုံးသွားတယ်။

တကယ်တော့ ဒီဇာတ်လမ်းက လုံးဝလုံးဝ HE
ဖြစ်ရမှာ မဟုတ်ဘူး။ Lungs transplant လုပ်
တဲ့လူတွေက လုပ်ပြီးလည်း ၅ နှစ် ၁၀ နှစ်ပဲဆက်
နေလို့ရတာ။ အဲ့တာကို ဆောင်းဟွန်းကသိထား
ပြီးသား။ အဲ့တာကြောင့် သူနောက် မှ သေချင်တယ်ပြောတာ။ ဒါပေမယ့် အလှူရှင်ရှာတွေ့ခဲ့သလိုမျိုး သူတို့မှာ ကံကောင်းခြင်းလေး ထပ်ရှိနိုင်ဦးမလား။ သက်တမ်းစေ့နေနိုင်ဦးမလားပေါ့လေ။ဒီလို မျှော်လင့်ချက်လေးနဲ့ပေါ့။

ကိုယ့် အနေနဲ့ကလည်း ဆောနူဘက်ကိုပြန်ကြည့်
ပြီး ဒီကလေးက ဆောင်းဟွန်းသာ ထားခဲ့ရင်တ
ကယ် သေမှာ ဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့
ပတ်ဆောင်းဟွန်းကို ပေးသေလိုက်ဖို့ မလုပ်နိုင်
ဘူးဖြစ်သွားတယ်။ ကိုယ့် OC တွေ ဟိုးအရင်က
ဟာတွေပါ ဖတ်ဖူးတဲ့သူတွေဆိုသိပါလိမ့်မယ်။
ကိုယ့် OC တွေက အသေအပျောက် များပါတယ်။

ဒါပေမယ့် ဒီမှာတော့ တကယ် ကိုယ့်ဇာတ်ကောင်
ကိုယ် သနားလို့ မသတ်ရက်ဘဲ HE သဘောမျိုးနဲ့
ထားပေးလိုက်သော်ငြား အမှန်တော့ OE ပါ။

ဆောင်းဟွန်းက နောက် ၅ နှစ် ၁၀ နှစ်ကြာရင်
တကယ် သေသွားမလား ၊ ဆောနူကရောတကယ်
လိုက်သေမှာလား ။ အသက်ပဲရှင်သွားမလားဆို
တာက ဘယ်သူမှ မသိပါဘူး ။ နောက်ဆုံးပိုင်း
ကို သုံးခါ ပြန်ဖျက်ပြီး ရေးခဲ့ရပါတယ်။

တကယ် ခြေကုန်လက်ပန်းကျတဲ့ fic လည်းဖြစ်
ခဲ့ပြီး တစ်ချို့နေရာတွေ အားမရပေမယ့်လည်း
ပုံမှန်နဲ့မတူတဲ့ ဇာတ်လမ်းမျိုး ချန်ခဲ့နိုင်ခဲ့လို့တော့
ကောင်းတယ်လို့ စဉ်းစားမိပါတယ်။

စိတ်ကင်ဆာတွေ ပေးခဲ့မိရင်လည်း တောင်းပန်
ပါတယ်။ အစအဆုံး ငိုယိုပြီး လိုက်ခဲ့ကြတဲ့သူ
တွေကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ခါတစ်
လေ စိတ်ကောင်းလေးများဝင်ရင် ကိုယ်ရေးတဲ့
OC လေးတွေလည်း ဖတ်ပေးပါလို့။ အရမ်း
ကောင်းမနေရင်တောင် ပိုကောင်းလာအောင်
ကြိုးစားနေပါတယ်လို့။

Thank You All.

from
brandnew_nayy

my little alien : our homeWhere stories live. Discover now