ဆောနူက ထိုထိုင်ခုံတွင်ပင် ထိုင်လျက်သား ၊
ဆောင်းဟွန်း၏ ပုခုံးပေါ်တွင် မှီလျက် အိပ်ပျော်
သွားခဲ့၏။ မြေကြီးနှင့် တိုက်နေသော ဆောနူ၏
ခြေထောက် များကို သူ့ခြေထောက်ပေါ်ထပ်တင်
စေလိုက်ပြီး လက်တစ်ဖက်ဖြင့် ဆောနူ၏ပုခုံး
လေးကို ထိန်းကိုင်ပေးထားလိုက်သည်။သိပ်မကြာခင်တွင် ဆန်းဝန်းနှင့် ဂျောင်ဝန်းက
အဝေးက ပြေးလာသည်ကို တွေ့လိုက်ရ၏။" သူဌေး !"
ဂျောင်ဝန်းက ခေါ်လိုက်တော့ ဆောင်းဟွန်းနှုတ်
ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေရန်အ
ချက်ပြလိုက်၏။ အတော်ကြာ ငိုနေပြီမှ အငိုရပ်
ပြီး အိပ်သွားတာပင်။ ဂျောင်ဝန်းမှာ ချက်ချင်း
နားလည်လိုက်ပြီး တိတ်တဆိတ်နေရာရွှေ့ရန်ပြင်
လိုက်တော့၏။ဆောနူ မျက်လုံးများ ပွင့်လာသည်။ အိပ်နေရာမှ
ဆက်ခနဲ ထလိုက်ချိန် ဆောင်းဟွန်းကိုသာရှာမိ
၏။ ဆန်းဝန်းက ဆောနူ၏ ကိုယ်လေးကိုထိန်း
လိုက်ပြီးပြောသည်။" ဆောင်းဟွန်းရှိတယ်။ အခု အင်္ကျီလဲရအောင်။
ဆေးရုံဆင်းလို့ရပြီတဲ့.."ဆောနူ စိတ်အေးသွားပြီး ခေါင်းညှိမ့်ပြလိုက်၏။
ထို့နောက် ဆန်းဝန်းမှာ ဆောနူအတွက် မည်သည့်
အရာက စောင့်ကြိုနေသည်ကို သိနေတာကြောင့်
ညီလေးအတွက် အလွန် စိတ်မကောင်းဖြစ်နေရ
သည်။ ဆောနူ ထိုနာကျင်စရာတွေကို ကြုံမတွေ့
ရစေရန် သူတို့ ကြိုးစားခဲ့ကြပေမယ့်လည်းအဆုံး
မှာတော့ ရင်ဆိုင်ရမည့်အကြောင်းတရားကိုရှောင်
လွှဲ၍ မရနိုင်ခဲ့တော့ချေ။ဆောနူ အင်္ကျီလဲပြီးသည်နှင့် ဆန်းဝန်း ဆောနူကို
ဆောင်းဟွန်း၏ အခန်းထဲသို့ လိုက်ပို့ပေး၏။ဆောနူ တံခါးရှေ့တွင် တုန့်ဆိုင်းစွာ ရပ်နေမိ၏။
တံခါးကို တွန်းဖွင့်လိုက် မလို့ပေမယ့် သူ့လက်က
လေးက လေထဲတွင် ဆန့်ချည်ဆုတ်ချည်ဖြစ်နေ
ကာ ဆန်းဝန်းကို စိုးရိမ်စွာပြန်ကြည့်လာ၏။ ဆန်း
ဝန်းကပြုံးပြလိုက်ရင်း.." ဖွင့်လိုက်လေ.."
ဆောနူ တံခါးကို ဖြည်းဖြည်းလေးဖွင့်လိုက်တော့
ကုတင်ပေါ်တွင် ဖြူဖျော့စွာထိုင်နေသည့် ဆောင်း
ဟွန်းကို တွေ့လိုက်ရသည်။ သူခြေလှမ်းအနည်း
ငယ်သာ ရှေ့တိုးနိုင်ပြီး ထိုအတိုင်းခေါင်းငုံ့ကာ
ရပ်နေ၏။ ဂျောင်ဝန်းက ဆောင်းဟွန်းကိုအရိုအ
သေပေးလျက် သူတို့နှစ်ယောက်အတွက်အချိန်
ပေးသည့်အနေဖြင့် တံခါးကို ဖြည်းညှင်းစွာပိတ်
လျက် ထွက်သွားတော့သည်။
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN