ကျွန်တော် ဂင်ဘတ်အတွက် ညစာကိုချကျွေး
လိုက်ပြီး သူ့အမွှေးတိုတိုလေးတွေကို ပွတ်သတ်
ပေးလိုက်တော့ ကောင်းကောင်းစားသည်။" အာ.. ဟုတ်သားပဲ၊ ဓာတ်ပုံရိုက်ထားရမယ်.."
ဆိုဖာပေါ် တင်ထားသည့် ဖုန်းကိုအပြေးလေး
ယူကာ ခေါက်ထားသည့်ဖုန်းလေးကို ဖြည်း
ဖြည်းချင်း ဆွဲဆန့်လိုက်၏။ဆောင်းဟွန်း ဖုန်းဝယ်ပေးပြီးသည့်နောက်
ကျွန်တော် ဓာတ်ပုံရိုက်ရတာကို သဘောကျ
လာပြီး ကျွန်တော့်ဖုန်းထဲမှာတော့ ဂင်ဘတ်ပုံ
တွေအများသား။" အာရီးဂိုးး ချစ်ဖို့ကောင်းလိုက်တာ.."
pose မျိုးစုံနှင့် ဂတ်ဘတ်၏ ပုံတွေကြားတွင်
ဆောင်းဟွန်း၏ ပုံအနည်းငယ်လည်း ကြားညှပ်
ပါလာသေးသည်။ ထို့နောက် ကျွန်တော် အချိန်
ကို ကြည့်လိုက်ပြီးနောက် ဆောင်းဟွန်းကိုဖုန်း
ခေါ်လိုက်သည်။ ခေတ်နောက်ကျတာတော့ မ ဟုတ် ပေမယ့် အခုထိ ကျွန်တော့်အတွက်အသစ်
အဆန်း ဖြစ်နေသည့်အရာမို့ ခဏခဏ လုပ်ချင်
နေတော့တာ။ ဖုန်းခေါ်တာရော။ စာပို့တာရော။
ကျွန်တော့်မှာလည်း ဆက်သွယ်စရာက ဆောင်း
ဟွန်း တစ်ယောက်တည်းရှိတာကိုး။သို့သော် ဆောင်းဟွန်းက ဖုန်းမကိုင်။ ထို့နောက်
ကျွန်တော့်ရဲ့ ပုရွက်ဆိတ်ခရီးသွားသည့် အရှိန်
လောက်နှင့် စာတစ်လုံးချင်းစီရိုက်ကာ ဆောင်း
ဟွန်းကို စာပို့လိုက်၏။" ဘယ်.. တော့.. ပြန်.. လာ.. မှာ.. လဲ..
ပို့သည်.."ကျွန်တော် ခဏစောင့်လိုက်ပေမယ့် ပြန်စာ
မလာတာပေ။ သူမအားတာဖြစ်ရမည်။ ဒီလိုဆို
ကျွန်တော် ဆက် မနှောင့်ယှက်သင့်တာကြောင့်
ဂင်ဘတ်ကိုသာ အာရုံစိုက် တော့မည်ဟု တွေး
လိုက်စဉ်တွင်ပင် ဆောင်းဟွန်းက အခန်းတံခါး
ကိုဖွင့်ကာ ဝင်လာသည်ကို တွေ့လိုက်ရ၏။" ဆောင်းဟွန်း ! ပြန်လာပြီလား.. ကျွန်တော်
စာပို့ထားတာ မြင်လား.. ဘာလို့စာမပြန်တာ
လဲ။ ကျွန်တော်တို့ ဒီပိတ်ရက်ရော အပြင်ထွက်
ရမှာလား.. ဒီတစ်ခါသွားရင် ဂင်ဘတ်ကိုခေါ်
သွားရအောင်.. "
YOU ARE READING
my little alien : our home
FanficAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN