ကျွန်တော် အရှေ့က ပြောပြထားတာတွေကို
ကြည့်ပြီး ဆောင်းဟွန်းက မကောင်းတဲ့လူလို့
တော့ မထင်လိုက်ပါနဲ့။ ကျွန်တော့်အထင် သူ
က နည်းနည်းဒေါသကြီးတဲ့ လူကောင်းတစ်
ယောက်ပါ။ တစ်ခါ ဆေးရုံခေါ်သွားပြီးတဲ့နောက်
ကျွန်တော် အိမ်မက္ ဆိုးတွေ ဆက်တိုက် မက္
ပြီး ညဆိုလျှင် အသက်ရှူကြပ်ကာ နိုးထလာရ
သည်။ ထိုအချိန်ဆိုလျှင် ကိုကို့ကို ရှာနေကျပေ
မယ့် အခု ကျွန်တော့်မှာ ကိုကိုမှ မရှိတော့တာ။
ဒါပေမယ့် ဆောင်းဟွန်းက ကျွန်တော့်ကိုလာရှာ
လိမ့်မယ်လို့ ဘယ်ထင်ထားမှာလဲ။ဆောင်းဟွန်းက တံခါးကို ဖွင့်လိုက်စဉ် အိပ်ရာ
ပေါ်တွင် ကူကယ်ရာမဲ့စွာထိုင်နေသည့်ကျွန်တော့်
ကိုမြင်လေသည်။ သူအစကတော့ ကျွန်တော့်ကို
ဆူသည်။" အခုချိန်ထိ မအိပ်သေးဘူးလား.."
" ဆောင်းဟွန်း~ "
ဘာ့ကြောင့်ရယ်မသိ။ ဘယ်သူမှ အနားမှာမရှိ
သည့်အချိန် ရှိနေသော လူသားမို့လို့ရယ်လား
မသိ။ သူ့ကိုအားကိုးတကြီးခေါ်မိသည့် ကျွန်
တော့်အသံမှာ တုန်ခါမှုတွေပါနေသည်။" ကျွန်တော် အသံတွေကြားနေရတယ်။
အိပ်မရဘူး~~ ဟင့် "ကျွန်တော်ပင် မသိလိုက်ဘဲ ငိုမိသည့်နောက်
ဆောင်းဟွန်းက အခန်းထဲဝင်လာပြီး ကျွန်တော့်
နဖူးကို သူ့လက်ဝါးအေးအေးဖြင့် လာစမ်းသည်။
သူအခုမှ အလုပ်ပြီးလို့ ရေချိုးလာတာ ဖြစ်နိုင်
သည်။ ကျွန်တော် ချွေးအေးတွေထွက်ပြီး တစ်
ကိုယ်လုံးစိုရွှဲနေသည်။" အင်္ကျီလဲထားလိုက်.."
ဆောင်းဟွန်းက ထိုသို့ပြောပြီး အခန်းပြင်ကိုပြန်
ထွက်ရန်ပြင်သည်။ ဖြစ်နိုင်ရင် ဒီအချိန်မှာကျွန်
တော် တစ်ယောက်တည်း မနေချင်ပါပေ။ ကျွန်
တော် ဆောင်းဟွန်း၏ အင်္ကျီစကိုလှမ်းဆွဲမိ၏။" ခဏ ဖုန်းသွားယူမလို့၊ ပြန်လာခဲ့မယ်.."
ဆောင်းဟွန်းထွက်သွားပြီးနောက် ကျွန်တော်
တတ်နိုင်သလောက် ကြိုးစားပြီး ညဝတ်အင်္ကျီ
ကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်နေမိသည်။
YOU ARE READING
my little alien : our home
FanfictionAnother rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN