"ဟဲ့ ဖောက်ကြရအောင်..."
သူငယ်ချင်းဆိုသည်က စိတ်တူ ၊ ကိုယ်တူ ဖြစ်သည်က များလေသည်။
ထိုသို့ပဲ ကကြိုး တို့ လေးယောက် လုံးသည်လည်း unboxing လုပ်ရသည်များကို သိပ်သဘောကျ ကြလေသည်။
"ကဲ.... ပထမဆုံး တစ်ပုံးကို ဖောက်တာပေါ့ဟာ..."
လက်ထဲတွင် ဓားကို ကိုင်ကာ ကလျာ တစ်ယောက် ပထမပုံးတစ်ခုအား ဖောက်လေသည်။
ဖွင့်ဖောက်လိုက်သော် ပထမဆုံး ထွက်လာသည်များက အင်းလေးချည်ဖြင့် ရက်လုပ်ထားသည့် အင်္ကျီ နှင့် ဘောင်းဘီ ဝမ်းဆက်လေးထည် နှင့်အတူ စာတစ်စောင်က....
"သမီးတို့ သူငယ်ချင်း လေးယောက် ဝတ်ဖို့အတွက်..." တဲ့လေ။
"ဟ ငါတို့အတွက်လား.... အမလေး ဦးလေး နဲ့ အန်တီ ကို ကျေးဇူးတင်တာ.....
ရန်ကုန်က အမြဲတမ်းပူအိုက်နေတာ ဒီလိုမှ ကွက်တိ...."
"ကိုယ်ကြိုက်တဲ့ အရောင် ကိုယ်ယူကြနော်..."
ကလျာ ၏ အပြောနှင့်အတူ ကျန်သုံးယောက် ကတော့ ကြိုက်သည့် အရောင်တို့အား ဆွဲလွဲယူလျက်.....
အင်္ကျီများကို ထုတ်ပြီးသည်နှင့် အောက်တွင် ပါသည်များက အရောင်တူ စောင်လေးထည်.....
စောင်လေးထည် ထည့်ပေးလိုက်သည့်အတွက် မည်သူအတွက် ဆိုတာ ပြောစရာပင်မလိုအောင်ကို သိလိုက်ပါသည်။
အရောင်တူဆိုတော့ လေးယောက်သား တစ်ယောက် ကို စောင်တစ်ထည်စီ ယူလိုက်ကြလေသည်။
ကလျာ ၏ မိဘများသည် ရှမ်းပြည်ဘက်တွင် ယက်ကန်းရုံများကို ပိုင်သည့်အတွက် ထိုကဲ့သို့ ချည်ထည်များက ပေါများ၍ အမြဲတမ်း ပစ္စည်းပို့ပေးတိုင်း လေးယောက်လုံးအတွက် ထည့်ပေးသည်က တစ်ခေါက် တစ်မျိုး မရိုးရအောင်ပင်။
ယက်ကန်းရုံမှ limited edition များ နှင့် ဖြန့်ချီမှုတောင် မလုပ်ရသေးသည့် ပစ္စည်းအသစ်တိုင်းကို မည်သူမှ မဝတ်ခင် ၊ မသုံးခင် သမီးဖြစ်သူ နန်းကလျာဏီ နှင့် သူငယ်ချင်းတွေ ဝတ်လို့ ၊ သုံးလို့ ရအောင်ကို အရင်ဦးဆုံး ထည့်ပေးတတ်လေသည်။
YOU ARE READING
ဖူဂျီတောင်ဂိုဏ်းဝင်များ
Humorလွန်းစေကကြိုး လွှမ်းအာဏာပြင် Candyချိုမွှေး နန်းကလျာဏီ