အပိုင်း - ၂

47 4 0
                                    

အရှေ့က နွားပြီးသွားတော့ ကျွန်တော့် အလှည့်ပေါ့။

ကျွန်တော့် နာမည်က လွှမ်းအာဏာပြင်....။ အဖေရဲ့ ကုမ္ပဏီကို လွှဲပြောင်း ဆက်ခံထားတဲ့ လုပ်ငန်းရှင် တစ်ယောက်ပေါ့ဗျာ....။

ကျွန်တော်ကလည်း ကျောင်းပြီးသွားပါပြီ။

ဪ.... ဒါနဲ့ နာမည်ကြားလို့ အပေါ်ထက်လူလို့ မထင်လိုက်နဲ့နော်။

ကျွန်တော်က အပေါ်ကော အောက်ပါ ကျွမ်းပါတယ်။

တချို့လိုမျိုး fa မဟုတ်ပါဘူး။

လွန်းစေကကြိုး - မင်း ငါ့ကိုပြောနေတာလား

လွှမ်းအာဏာပြင် - ကိုယ့်အကြောင်းကိုသိ...။

လွန်းစေကကြိုး - ဒီဖေ.....

ကျွန်တော့်အကြောင်းကို ဆက်ပြောရရင်တော့ ကျွန်တော်က ကျောင်းကတည်းက ကင်းဗျ....

Candyချိုမွှေး - ကင်းခြေများလေ...။

လွှမ်းအာဏာပြင် - ဟဲ့ သကြားလုံးမ...။

Candyချိုမွှေး (ဂရုမစိုက်ဟန်ဖြင့်)

အနှောက်အယှက်တွေကို ဂရုမစိုက်ပါနဲ့။ ကျွန်တော်က အင်တာနေရှင်နယ် ဆိုတော့ သူတို့က မနာလိုကြတာလေ။

နန်းကလျာဏီ - ဘာလဲ ကိုးလက်မလား။

လွှမ်းအာဏာပြင် - ဟဲဟဲ... သိတယ်မလား အကြီးကြီးလေ။

တွေ့လား ဒီကောင်တွေကတော့။ ဒါကတော့ ကျွန်တော့်ဖျောက်လို့ မရတဲ့ အကျင့်တစ်ခုပါ။

အဲ့လိုတွေ ယောင်နေတတ်တာမျိုးပေါ့။

ခုနက ဟိုကောင်ပြောတဲ့ နွားစီနီယာ ကိစ္စကို ရှင်းပြရတာပေါ့ဗျာ။

ကျွန်တော်က ယဉ်ယဉ်လေးနဲ့ လှတဲ့ ကောင်မလေးတွေကိုဆို သိပ်ကြိုက်တာဗျ။

အဲ့ဒါကြောင့် ကျွန်တော့် အိမ်က အိမ်အကူအန်တီကြီး ၏ သမီးလေးကို ကျောင်းသွားကြိုပေးတုန်းက တွေ့ခဲ့တဲ့ မမကြီး တစ်ယောက်နဲ့ ဇာတ်လမ်းပေါ့ဗျာ။

လွန်းစေကကြိုး - ဟိုအမကြီးက ဒီကလေးတွေက ကျွန်မ သား နဲ့ သမီးပါလို့ပြောတာတောင် လွှမ်းအာဏာပြင် တို့ မွှန်နေပြီးတော့ "ဪ.... ဒါက တူလေးတွေ တူမလေးတွေ မလား" လုပ်နေလို့ အဲ့အမကြီး ရဲ့ ယောက်ျား လိုက်ထိုးလို့ အာဏာပြင် တို့ ပြေးလိုက်ရတာ မာရသွန်လိုပဲ ဟား..... ဟား.....

လွှမ်းအာဏာပြင် - 🙂

ကျွန်တော်ကတော့ ရှင်းပါတယ်။ ယောင်တတ်တဲ့ အကျင့်လေးရှိတာကလွဲလို့ ကျန်တာအားလုံး အိုစကေပါပဲ။

နောက်ပြီး ကျွန်တော်က ဖူဒန်ရှိပါ။ ရုပ်ကြည့်ပြီး မယုံလည်း သဘောပဲ။ ကျွန်တော် လုပ်ပေးလိုက်လို့ ညားသွားတာတွေမှ တပုံကြီး။ အဲ့ဒါကြောင့်လည်း အိမ်က အဖေက ရှင်းရပေါင်းများလို့ ကျွန်တော့်ကို ခြေငြိမ်ဖို့အတွက် ကုမ္ပဏီကို လွှဲပေးခဲ့တာ ဆိုရင် ပိုမှန်တာပေါ့။

ဒါပေမယ့် အဖေမသိတာက ရုံးထဲမှာလည်း ကျွန်တော်တွဲပေးတဲ့ bl ၊ gl အတွဲတွေမှ တစ်ပုံကြီးဆိုတာ။

ရှူး.... တိုးတိုးနော်။ အဖေ့ကို သွားပြန်မပြောနဲ့....။

ဪ.... ဒါနဲ့ ခုနက ကျွန်တော်က မိန်းကလေးတစ်ယောက်ကို ကြိုက်မိတယ်ဆိုလို့ ကျွန်တော့်ကို အဖြောင့်ကြီးလို့ ထင်နေကြဦးမယ်။

ကျွန်တော်က Pansexual ဗျ။

ကျွန်တော်တို့ အုပ်စုထဲမှ တစ်လိုင်းထဲသွားတဲ့ လက်ဖက်ဆီပြန် အမကြီးတစ်ယောက်လည်း ရှိသေးတယ်ဗျ။

သူ့နာမည်က Candyချိုမွှေး.....



ဆက်ရန်ရှိသည်.......


..................


Lavender June💜

ဖူဂျီတောင်ဂိုဏ်းဝင်များDonde viven las historias. Descúbrelo ahora