"*ီးလိုပဲဟာ..."
မနက်စောစော ကြားလိုက်ရသည့် ဆဲသံကြောင့် လွှမ်းပြင် ထံသို့ မနက်စာစားနေသည့် လူသုံးယောက် ၏ အကြည့်တို့က ကျရောက်သွားလေသည်။
"လွှမ်းပြင် ဘာဖြစ်လို့လဲ..."
လွှမ်းပြင် ဒေါသထွက်နေသည်က တစ်ယောက်ယောက် နှင့် ရန်ဖြစ်လို့ ထွက်တာဆိုလျှင် ကိုယ်တွေကပါ ဝင်၍ ချလို့ရအောင်ဆိုပြီးတော့ ကကြိုး မေးလိုက်လေသည်။
"ဘာဖြစ်ရမှာလဲကွာ... ငါ မြောက်ဒဂုံဘက်မှာ မြေကွက်တစ်ခုကို လိုက်နေတာ ဈေးက သိပ်အဆင်မပြေသေးလို့ ညှိနေတုန်းကို ဟိုဘက်က ပြိုင်ဘက် ကုမ္ပဏီက ခွေးသူတောင်းစားတွေက ဝင်လုသွားတယ်ကွာ..."
တကယ်ပင်။ မနက်စောစော အတွင်းရေးမှူးထံမှ ကြားလိုက်ရသည့် စကားကြောင့် လွှမ်းအာဏာပြင် တစ်ယောက် သွေးတောင် ဆောင့်တက်ချင်သွားသည်။
"မင်း ပြိုင်ဘက် ကုမ္ပဏီတွေက များတော့ ဘယ်တစ်ခုလဲကွ..."
"ဘာကမှာလဲကွာ ငါတို့ ကျောင်းတုန်းက ဟိုသူတောင်းစား ပိုင်ကြီးလေ...."
"ပိုင်ကြီး? အာ..... မင်းအချစ်ပိုင် လား...."
"အေးဟေး... ဟုတ်တယ်.... ဒီကောင့် နာမည်ကိုတောင် မကြားချင်ပါဘူးကွာ... ကျက်သရေကို မရှိဘူး..."
လွှမ်းပြင် တစ်ယောက် တကယ်ကို ဒေါသထွက်နေသည့် ပုံကြောင့် ကကြိုး စနောက်မည့် စကားလုံးများတောင် လည်ပင်းထဲမှ မထွက်တော့ဘဲ မနက်စာနှင့်အတူ အစာအိမ်ထဲသို့ ပြန်ကျကုန်လေသည်။
ထိုအချိန် ကြားလိုက်ရသည့် ခြံတံခါးဝမှ ခေါင်းလောင်းသံ.....
"မင်းတို့ အေးဆေးစား ငါပဲ သွားကြည့်လိုက်မယ်...."
မနက်စာ စားရာကနေ ထကြည့်ဖို့ လုပ်သည့် သုံးယောက်ကို အေးဆေးစားခိုင်းထားနှင့်ကာ လွှမ်းပြင် ကပဲ သွားရောက်၍ ခြံတံခါးကို သွားဖွင့်ကြည့်သော်.....
တွေ့လိုက်ရသည်က ခပ်ဖြူဖြူ ချောချော နှင့် ကောင်လေးတစ်ယောက်....
"ဒီက ငါ့ညီက ဘာကိစ္စများ ရှိလို့လဲမသိဘူး..."
"အာ... ထမင်းချက်လိုတယ်ဆိုလို့ ကျွန်တော်က အလုပ်လျှောက်ချင်လို့ပါ အကို...."