အပိုင်း - ၂၀

24 3 0
                                    

"မောင် အရမ်းကြောက်နေလား....."

"ကျွန်တော် မကြောက်ပါဘူး.... စိတ်လှုပ်ရှားနေတာပါ..."

"အင်း... ဒါဆို ဝင်ရအောင်နော်..."

မောင့် လက်ကို တင်းနေအောင် ဆုပ်ကိုင်ပြီးသည်နှင့် အိမ်ထဲသို့ ဝင်သွားလေသည်။

အကိုလေးတို့က တကယ်ကို မျိုးရိုးကြီးထဲကပင်။ အိမ်ကြီးကအစ ကြီးမား ခန့်ထည်သလို အသုံးအဆောင်တို့ကလည်း ဈေးနည်းသည့်အထဲက မပါပေ။

ထို့ကြောင့် ပို၍ပင် အကိုလေး ၏ မိသားစုကို ရှိန်မိသည်။

အိမ်ထဲသို့ ဝင်သွားသော် အရင်ဆုံး သတင်းစာ ထိုင်ဖတ်ရင်း ရေနွေးကြမ်းသောက်နေသည့် အဖေ့ကို မြင်လိုက်လေသည်။

"အဖေ...."

မိမိ ခေါ်သံကို ကြားမှသာ ခေါင်းမော့ ကြည့်လာသည့် အဖေ....

"ဪ.... ရောက်လာပြီလား.... မသိလိုက်ဘူးကွယ်.... လာထိုင်ကြ... အနောက်ကသားလေး... မကြောက်ပါနဲ့ကွာ.... လာထိုင်..."

အကိုလေး က အဖေဖြစ်သူနှင့် တူ၍ ချောသည်ကို ကာလာ သိလိုက်လေသည်။

အသိုင်းအဝိုင်းကြီးထဲက ဖြစ်၍ ကာလာ့ လိုလူကို လက်မခံမှာကိုပဲ စိတ်ပူခဲ့ရလေသည်။

သို့သော် ယခုကတော့ ထိုသို့မဟုတ်။ အကိုလေး ၏ အဖေက ဖော်ရွေစွာဖြင့်ပင်။

အကိုလေးက ဝင်ထိုင်သည်နှင့် ကာလာလည်း အကိုလေး ဘေးနားတွင် ဝင်ထိုင်လိုက်လေသည်။

"မေကြီးရေ.... ဒီမှာ မင်းရဲ့သားက ရောက်နေပြီကွ.... ထမင်းပြင်တာ မပြီးသေးဘူးလား...."

အနောက်ဘက် ထမင်းစားခန်းသို့ လှမ်းအော်ကာ ခေါ်နေသည့် ဖခင် ဖြစ်သူ.....

"မင်းအမေလေကွာ သူ့သား က အိမ်ပြန်လာပြီးတော့ အိမ်ထောင်ဖက်ကိုပါ ခေါ်လာမယ်ဆိုတော့ သူကိုယ်တိုင် မင်းတို့ စားဖို့အတွက် ထမင်း ၊ ဟင်း ဝင်ချက်လေရဲ့ကွာ...."

ထိုအချိန် လက်တွင် ယောက်မကြီး ကိုင်၍ ထွက်လာသည့် မိခင်ဖြစ်သူ.....

"ဟယ်.... နွား နဲ့ သားလေး ရောက်နေတာကိုး...."

ဒီလောက်ဆို သိလိုက်ပါပြီ။ နွားဆိုတာ ကကြိုး ကို ခေါ်နေမှန်း.....

ဖူဂျီတောင်ဂိုဏ်းဝင်များNơi câu chuyện tồn tại. Hãy khám phá bây giờ