ကုမ္ပဏီကနေ ထွက်လာကတည်းက မင်းအချစ်ပိုင် ကသာလျှင် ကားမောင်းနေပြီး လွှမ်းအာဏာပြင် ကတော့ အိပ်၍လာလိုက်လာလေသည်။
သို့သော် လွှမ်းပြင် တစ်ယောက် နိုးလာချိန်တွင်တော့ ကားထိုင်ခုံလိုမျိုးမဟုတ်ဘဲ နုအိသည့် အရာတစ်ခုပေါ်တွင် နိုးလာခဲ့လေသည်။
ထို့ကြောင့် အိပ်ချင်မူးတူး မျက်လုံးတို့အား ဖွင့်ကြည့်သော် အခန်းတစ်ခန်းထဲသို့ ရောက်နေပြီး လွှမ်းပြင် သည်လည်း အိပ်ရာပေါ်တွင်.....
သို့သော် ထိုအခန်းက အိမ်က လွှမ်းပြင် အခန်းပုံစံမျိုးလည်း မဟုတ်သလို ထိုအခန်းကိုလည်း လွှမ်းပြင် မရင်းနှီးနေပါ။
"နိုးပြီလား.... အသဲလေးက တော်တော်အိပ်နိုင်တယ်နော်...."
အသံလာရာသို့ လွှမ်းပြင် ကြည့်လိုက်မိသော် ရေချိုးခန်းမှ အခုမှ ထွက်လာပြီး ခါးတွင် သဘတ်တစ်ထည်ကိုသာ ပတ်ထားပြီး အပေါ်ပိုင်းတို့က လစ်ဟင်းနေ၍ ကြွက်သား အမြောင်းလိုက်အား မြင်သာစွာ တွေ့ရသည့်အပြင် ထိုကြွက်သားများအပေါ်မှ စီးဆင်းနေသည့် ရေစက်များကအစ တွေ့ရလေသည်။
မင်းအချစ်ပိုင် ၏ ကြွက်သားများကို ကြည့်ပြီး လွှမ်းပြင် တံတွေးကိုတောင် မြိုချမိသည်။
တကယ်ပါ။ မြင်သူတိုင်း ကြွေချင်စရာ ဘော်ဒီကြီး.....
"ကိုယ်ချောတာ ကိုယ်သိပါတယ်ကွာ.... အဲ့လောက်လည်း ငမ်းစရာမလိုပါဘူး အသဲလေးရဲ့...."
သူ့အသံကို ကြားမှသာ လွှမ်းပြင် ပြန်သတိကပ်လာပြီး.....
"သေ.... သေလိုက်လေ.... ငါက မင်းကို ငမ်းစရာလား.... ဟွန့်..."
ထိုအချိန် လွှမ်းပြင် တစ်ခုခုအား သတိရသွား၍ ကိုယ့်ခန္ဓာကိုယ်ကို ပြန်စစ်ကြည့်သော်....
တော်ပါသေးသည်။ အဝတ်အစားတို့က အရင်အတိုင်းဖြစ်သည့်အပြင် အောက်ကလည်း ပါကင်ဖွင့်မခံထားရသေးပေ။
"စိတ်မပူပါနဲ့ကွာ.... ကိုယ်မင်းကို ခိုးပြေးလာရုံကလွဲပြီး လက်ဖျားနဲ့တောင် မထိကသေးဘူး...."
"ဪ... တော်သေး.... ဘာ!!!! မသာ.... မင်းခုနက ဘာပြောလိုက်တယ်..... ခိုးပြေးလာတာ!!!!"
YOU ARE READING
ဖူဂျီတောင်ဂိုဏ်းဝင်များ
Humorလွန်းစေကကြိုး လွှမ်းအာဏာပြင် Candyချိုမွှေး နန်းကလျာဏီ