ရန်ကုန်မှ မိမိတို့ အုပ်စု ရောက်ရောက်ချင်းပဲ စေ့စပ်ပွဲကို တန်းလုပ်ကြခြင်းကြောင့် ခြောက်ယောက်သား အားပင် မရှိတော့ချေ။
အခုဆိုရင်တော့ စေ့စပ်ပွဲသည်လည်း အထမြောက်သွားကာ မင်္ဂလာပွဲကိုလည်း ကကြိုး တို့နှင့်အတူတူ Netherlands တွင်ပဲ လုပ်ဖို့အတွက် စီစဉ်လိုက်ကြလေသည်။
အခုဆိုရင်တော့ ကျန်နေသည်က ပိုင်ကြီး နှင့် လွှမ်းပြင် တို့ အတွဲသာ ကျန်တော့လေသည်။
တောင်ကြီးကို ရောက်တာ တစ်ရက်ပဲရှိပါသေးသည်။ သို့သော် လွှမ်းပြင် ၏ အဖေ ဖြစ်သူက ရန်ကုန် နေအိမ်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း ဖုန်းလှမ်းဆက်လာ၍ ခြောက်ယောက်သား ရန်ကုန်သို့ ညတွင်းချင်း ပြန်ရလေသည်။
အစတုန်းကတော့ ရှမ်းပြည်သို့ ရောက်လျှင် အင်းလေးကို ရောက်အောင်သွားမည်ဟု အားခဲထားသော်လည်း လွှမ်းပြင် ၏ ကိစ္စသည်လည်း အရေးကြီး၍ ရန်ကုန်သို့ ညတွင်းချင်း ပြန်သွားရခြင်းပင်။
........
ရန်ကုန်မှ နေအိမ်သို့ ပြန်ရောက်သော်.....
အားအင်ကုန်ခမ်းနေကာ ခရီးပန်းနေသည့် ခြောက်ယောက်အား ကြည့်ကာ လွှမ်းအာကာပြင် တစ်ယောက် မျက်လုံးပင့်လျက်....
"မင်းတို့ကြည့်ရတာ အားမရှိတာကွာ.... သွားနားလိုက်ပါဦး...."
"မနားတော့ပါဘူး ဦးလေး...."
ကျန်လေးယောက်က သွားနားဖို့လုပ်သော်လည်း ပိုင်ကြီး ၏ မနားတော့ပါဘူး ဆိုသည့် စကားကြောင့် ထနေရာကနေ ပြန်ထိုင်လိုက်ရလေသည်။
လွှမ်းပြင် ကတော့ သူ့လင် ရင်ခွင်ထဲသာ.....
"အဖေရယ်.... စကားအများကြီး မပြောနဲ့နော်.... သားတို့ကို သဘောတူလား မတူလားပဲ ပြောပေးပါတော့... သားတော်တော်လေးကို အိပ်ချင်နေပြီ...."
"ငါသဘောမတူရင် မင်းအကောင်ကို ဆောင့်ကန်ပြီးနေလောက်ပြီ...."
"ဒါဆို သဘောတူတယ်ပေါ့နော်.... မင်္ဂလာပွဲကရော ဖီဖီ...."
ဖီဖီ ဟု ထခေါ်သော် ပိုင်ကြီး ကြောင့် အကုန်ထခွီကုန်သည်။
YOU ARE READING
ဖူဂျီတောင်ဂိုဏ်းဝင်များ
Humorလွန်းစေကကြိုး လွှမ်းအာဏာပြင် Candyချိုမွှေး နန်းကလျာဏီ