မနက်နိုးလာသော် ကကြိုး တစ်ယောက် အိပ်ချင်မူးတူးဖြင့် ယိုင်တိုင် ယိုင်တိုင် အောက်ထပ်သို့ ဆင်းလာလေသည်။
အရင်းဦးဆုံး ထမင်းစားခန်းထဲသို့ ဝင်လိုက်ပြီး ရေခဲသေတ္တာထဲမှ ပန်းသီးတစ်လုံးကို ရေဆေးပြီး စားလိုက်လေသည်။
ထိုသည်က လွန်းစေကကြိုး ၏ အကျင့်တစ်ခုပင် ဖြစ်လေသည်။
မနက်နိုးလာတိုင်း မနက်စာကို ပန်းသီးတစ်လုံး နှင့် ရေတစ်ခွက် ကို အမြဲတမ်းစားလေ့ရှိပါသည်။
ထို့ကြောင့် လွှမ်းပြင် တစ်ယောက် supermarket သွားတိုင်း လွန်းစေကကြိုးအတွက် ပန်းသီးကတော့ အမြဲဝယ်လာလေသည်။
ကကြိုး ပန်းသီးအား စားနေတုန်း ထမင်းစားခန်းထဲသို့ ဝင်လာသည့် Candy.....
"ဟဲ့ ဟိုနှစ်ယောက်ရော...."
"လွှမ်းပြင် က ကုမ္ပဏီသွားတယ်လေ.... ကလျာ ကတော့ သူ့မိဘတွေ တောင်ကြီးကနေ ခြံထွက်တွေ ပို့လိုက်လို့တဲ့ သွားပြီးတော့ ဂိတ်မှာ ယူလေရဲ့...."
"အေးဟုတ်သား.... ငါမေ့သွားတာ..."
"နင်က ဘယ်တုန်းက ခေါင်းကောင်းလို့လဲ..."
"...."
Candy တစ်ယောက် စကားဆက် မများတော့ဘဲ ပေါင်မုန့်ကို ယူလိုက်ကာ စတော်ဘယ်ရီယိုအား သုတ်လိုက်ပြီး ရေသောက်ကာ စားလိုက်တော့သည်။
အစတုန်းကတော့ ကော်ဖီဖျော်မလို့ပါ ကော်ဖီဖျော်ဖို့တောင် ပျင်းနေလို့ပင်။
ထိုအချိန် အိမ်ရှေ့မှ ကြားလိုက်ရသော ကားသံကြောင့် နှစ်ယောက်လုံး စားလက်စများကို စားပွဲပေါ်တင်လိုက်ကာ အိမ်ရှေ့ကို ထွက်လာလိုက်ကြသည်။
"ဟိုနှစ်ယောက် ရပ်ကြည့်မနေကြနဲ့ လာသယ်ပေးကြဦးဟ...."
ကလျာ ၏ အသံကြောင့် အိမ်ချင်မူးတူးတာတောင်မှ ပျောက်ကုန်လေသည်။
"အေး.... အေး... လာပြီ..."
ကားနောက်ဖုံးတွင်ပါလာသည့် ပုံး (၃) ပုံးအား သုံးယောက်သား တစ်ယောက် တစ်ပုံး သယ်ကြရလေသည်။
......
"ဟဲ့ ပုံးက (၃) ပုံးကြီးများတောင် အန်တီ တို့ ဦးလေး တို့ က ဘာတွေ ထည့်ပေးလိုက်တာလဲဟ...."