ယခုသည်ကား လေးယောက်သား လွှမ်းပြင် ၏ အိမ်တွင်နေကြသည်က သုံးရက်ရှိနေလေသည်။
"ဟေျာင့်တွေ ငါ့ဖားသားကြီး ဖုန်းဆက်တယ် လာကြ...."
နယ်ရောက်နေသည့် အဖေ ဖြစ်သူ ဖုန်းလှမ်းဆက်၍ ဖုန်းသုံးနေသည့် သုံးကောင်အား လှမ်းခေါ်ရလေသည်။
"အေးလာပြီ...."
လေးယောက်သားစုံချိန်တော့ VC ကို ကိုင်လိုက်ကာ....
"ဟယ်လို.... ဖားသား..."
"အမယ် လေးယောက်သား စုံနေကြတယ်ပေါ့..."
"ဟဲဟဲ.... ဟုတ်တယ် ဦးလေးရဲ့... လူစုံတုန်းလေးဆိုတော့...."
"မင်းတို့လူစုံရင် ငါကြောက်လို့ပါကွာ.... ဟိုတစ်ခေါက်တုန်းကလည်း လူစုံလို့ပါဆိုပြီး ငါလွှတ်ထားပေးတာ နောက် တစ်နာရီနေတော့ ငါ့ကို လသာရဲစခန်း က ဖုန်းဆက်လို့ မင်းတို့လေးကောင်ကို ခံဝန်ထိုးပြီး ထုတ်လာခဲ့ရတာလေ..."
"အဲ့တုန်းက သမီးတို့က မလိမ္မာသေးလို့ပါ ဟဲဟဲ...."
"အခုကရော?"
"ဆိုးမိုက်နေတုန်းပါပဲ..."
"သေရောကွာ....
အရင်အကြောင်းတွေ ပြန်ပြောရင် ပြောလို့ပြီးမှာကို မဟုတ်ဘူး...
အခု ဖုန်းလှမ်းဆက်လိုက်တာက သုံးဖို့ ၊ စွဲဖို့ ရှိကြသေးလား..."
လွန်းစေကကြိုး - "ဆီ နဲ့ ဆား is the best. ဘဝကို ရောက်နေပါပြီ ဦးလေးရယ်"
Candyချိုမွှေး - "ကြက်ဥတောင် နပ်မမှန်ချင်တော့ပါဘူး..."
နန်းကလျာဏီ - "ရေ နဲ့ ထမင်း ကို နှစ်ပါးသွား ကနေရတာပါ"
လွှမ်းအာဏာပြင် - "ခေါက်ဆွဲပြုတ်ဆို တို့ရဲ့ ဘဝမှာ မတတ်နိုင်ပါ..."
"သီချင်းတွေ ဘာတွေ နဲ့ ပါလားဟ...
ကဲ.... ပိုက်ဆံကို ဘဏ်ကဒ်ထဲထည့်ပေးလိုက်မယ် လေးယောက်သား သုံးကြ..."
ထိုအချိန် Candy မှ....
"ကျေးဇူးတင်တာ ဦးလေးရယ်... ဦးလေး လင်ကောင်းသားကောင်းရပါစေ..."
"ဟဲ့ နင့်ဟာက ဘိုလိုရီးလား"
"ငါက ဖူဂျိုရှီလေဟဲ့ အဲ့လိုပဲဆုတောင်းပေးတတ်တယ်..."