"အကိုလေး.... မမCandy...."
လွန်းစေကကြိုး - "အမလေး မြတ်စွာဘုရား ဂျောင်ဟိုဆော့ နဲ့ ငါနဲ့ညား ကလေး ၁၀ ယောက်ဖွား"
Candyချိုမွှေး - "အမလေး မြတ်စွာဘုရား အလှလေးမှန်သမျှ ငါ့မိန်းမ GMM အဆင်တွေ အကုန် ငါ့သား"
ယောင်တာတောင် တစ်ယောက် ကလှည့်စီ ယောင်နေသည့် နှစ်ယောက်ကို ကြည့်ကာ ကာလာ ရယ်မိသည်က အမှန်ပင်။
တကယ်ကို ဖုန်းသုံးနေချိန် အနောက်မှ ခေါ်လိုက်သည့် အသံကြောင့် လန့်သွားမိသည်က....
"ဘာဖြစ်လို့လဲဟင် မောင်..."
"အကိုလွှမ်းပြင် အခုထိ ပြန်မလာသေးလို့...."
မောင့် အပြောကြောင့် ကကြိုး ဖုန်းနာရီအား ကြည့်မိသော်.....
"အေး ဟုတ်သား.... ၈ နာရီတောင် ကျော်နေပြီ.... ဘယ်လိုဖြစ်လို့ အခုထိ ပြန်မရောက်သေးတာလဲ...."
"အကိုလွှမ်းပြင် တစ်ခုခု ဖြစ်နေမှာစိုးလို့...."
ထိုအချိန် ငြိမ်နေသည့် Candy က.....
"ကာလာ.... အဲ့ကောင်ကို စိတ်ပူမနေနဲ့ အချိန်တန် အိမ်ပြန်ရောက်လိမ့်မယ်...."
"ကျွန်တော် စိတ်ပူတာက အကိုတို့ မမတို့က ပိုက်ဆံရှိတယ် ပြီးတော့ တစ်ခါ မမကလျာ ပြောဖူးတယ် အရင်တုန်းက ရန်ကြွေးတွေကလည်း ရှိသေးတယ်ဆို.....
အဲ့တော့ အိမ်အပြင်ရောက်နေတဲ့ အကိုလွှမ်းပြင် ကိုများ ဥမပါ ပြန်ပေးတွေ ဘာတွေများ ဆွဲသွားမလား မသိဘူး...."
အကောင်းမှတ်လို့နားထောင်ရင်း Candy နားမလည်စွာဖြင့် ကာလာ့ကို ကြည့်ကာ....
"ဟဲ့ ကာလာ နင် ဘာပြောလိုက်တာ ပြန်ပြောစမ်းပါဦး...."
"ပြန်ပေးဆွဲတာလား..."
"မဟုတ်ဘူး အဲ့အရှေ့က..."
ကာလာ ပြန်စဉ်းစားဟန်ပြုလိုက်ပြီး.....
"ဪ.... ဥမပါ...."
"ခွီး.... ဟား....."
နားကြားများ လွဲနေသလားဆိုပြီး ပြန်မေးတော့ တကယ်ကို Candy တို့ နားကြားမလွဲပေ။
ကကြိုး ကတော့ သူ့လင် ပြောသည့် ဥမပါ က ဘာလဲဆိုတာကို အသဲအသန် စဉ်းစားနေဟန်.....
YOU ARE READING
ဖူဂျီတောင်ဂိုဏ်းဝင်များ
Humorလွန်းစေကကြိုး လွှမ်းအာဏာပြင် Candyချိုမွှေး နန်းကလျာဏီ