မနက်ရောက်သော် ကာလာ ကတော့ အားလုံးစားဖို့အတွက် မနက်စာပြင်ပေးပြီးတော့ ကကြိုး ကတော့ အပေါ်ထပ်ကနေ ကွတ ကွတနဲ့ ဆင်းလာသည်ကို ထမင်းစားပွဲဝိုင်းက သုံးယောက်ကတော့ ကြိတ်ရယ်နေလေသည်။
ကြိတ်ရယ်နေသည့် သုံးကောင်အား တွေ့သော်လည်း မတွေ့ချင်ယောင်ဆောင်ကာ မိမိ စီသို့ အပြေးလာသည့် အမျိုးသားလေးကိုပဲ အကြည့်တို့က ပို့လိုက်လေသည်။
"အကိုလေးရာ.... ဘာလို့ ဆင်းလာတာလဲ.... မနက်စာကို အခန်းထဲထိ လာပို့ပေးမှာကို.... မနေ့က ပင်ပန်းထားတယ်မလား...."
"မောင် ကလည်း..."
ကကြိုး ထံမှ မောင် ဟု ခေါ်သံကြားလိုက်သော် ကာလာ ကတော့ ပြုံးပြုံးကြီးဖြစ်နေလေသည်။
သို့သော် မနက်စာ စားနေသည့် သုံးယောက်ကတော့ စားပြီးသမျှတောင် ပြန်အန်ထွက်လာချင်သလိုပင်။
"ကကြိုး ရာ..... မင်းကလည်း ဘယ်လိုတုန်းဟ မောင် တဲ့... အီး အသဲယားလိုက်တာ..."
"ဘာလဲ မင်းမှာတောင် အဲ့လို ခေါ်ရမယ့်လူ ရှိလို့လား...."
ကကြိုး ၏ အမေးကို ဒီတစ်ခါတော့ လွှမ်းပြင် မဖြေနိုင်တော့ပါ။ ဘာလို့ဆို သူက လက်ရှိ အက်ဖုအေ ဖြစ်နေလို့ကိုး.....
Candy ကလည်း လက်ရှိ ဆစ်ဂနယ် ဖြစ်နေ၍ ငြိမ်နေလိုက်လေသည်။ ခွေးစာတွေတော့ မစားနိုင်ပါ လူတွေရယ်....
သို့သော် ကလျာ ကတော့.....
"ဟဲ့ နင့်ကို ဘေဘီ လို့ ခေါ်မယ့်သူ ရှိလို့လား...."
အဲ့လိုပြောပြီး ကလျာ တစ်ယောက် ပွတ်နေသည့် ဖုန်းအား နှိပ်လိုက်ကာ ထိုထဲမှ ထွက်လာသည့် အသံတစ်ခု.....
"ဘေဘီ~~"
Deep voice ဖြစ်သည့်အပြင် သိပ်ကို ယောက်ျားဆန်သည့် အသံကြီးက ကြွေချင်ဖွယ်အတိပင်။
"အား.... အသံကြီးက မိုက်တယ်ဟာ.... ကလျာ အဲ့ဒါဘယ်သူလဲ...."
"ပြောပါဝူး.... စီးကရက်...."
"ဟဲ့.... နင် သကြားဖေဖေ ရသွားတာလား...."
ကကြိုး ၏ အမေးကို ကလျာ ကတော့ ဟုတ်သည်လို့လည်း မပြော မဟုတ်ဘူးလို့လည်း မငြင်း....
YOU ARE READING
ဖူဂျီတောင်ဂိုဏ်းဝင်များ
Humorလွန်းစေကကြိုး လွှမ်းအာဏာပြင် Candyချိုမွှေး နန်းကလျာဏီ