အပိုင်း - ၂၁

26 3 0
                                    

"ဒါနဲ့ ကား ဘယ်သူမောင်းမှာလဲ..."

"ငါမောင်းမယ်..."

အနောက်ကနေ ဟိန်းထွက်လာသည့် အသံကြောင့် လှမ်းကြည့်ချိန်တော့ နေကာမျက်မှန်ကို တပ်ကာ စတိုင်အပြည့်ဖြင့် ဂေါ်နေသည့် လွန်းစေကကြိုး.....

လွန်းစေကကြိုး ကားမောင်းမည် ဆိုတော့ အသံကြားတာနဲ့ အိပ်ငိုက်နေသည့် Candy တစ်ယောက် လန့်ပင် နိုးသွားလေသည်။

"လွန်းစေကကြိုး ဆိုတဲ့ နွားထီး မောင်းလို့မရဘူးနော်...."

Candy ၏ အပြောကို ဘေးနားကနေပြီး လွှမ်းပြင် နဲ့ ကလျာ တို့က ခေါင်းညိတ်၍ ထောက်ခံကြလေသည်။

ပိုင်ကြီး ကတော့ ကားသော့ကို ပေးရမလို မပေးရမလိုနဲ့ ကြားထဲကနေ မမဆောင်း ဖြစ်နေလေသည်။

"နင်တို့မသိပါဘူးဟာ.... ငါပြောပြမယ်.....

အဲ့ကောင် ကားမောင်းတုန်းကလေ ငါတို့ ဟိုဘက်ရပ်ကွက်က ဘောလုံးကွင်းထဲသွားတာ သူကမောင်းတယ် ငါက သူ့ဘေးနားက ခုံမှာထိုင်တယ် ကလျာ နဲ့ လွှမ်းပြင် က အနောက်ဘက်မှာ ထိုင်တယ်.....

အဲ့အထိ အဆင်ပြေသေးတယ် မပြေတာက အဲ့မှာစတော့တာပဲ....

ဘောလုံးကွင်းရဲ့ ထွက်ပေါက် ကျဉ်းကျဉ်းလေးထဲကနေ အဲ့အကောင်က ကားကို မောင်းပြီး ရအောင်ထွက်နိုင် သွားတယ် ဒါပေမယ့် အရှေ့မှာ မြောင်းကြီး တစ်ခု ရှိနေတာကို ဘရိတ်မနင်းဘဲနဲ့ မျက်လုံးကြီး မှိတ်ပြီး အော်တာလေ.....

အဲ့တုန်းက ကံကောင်းလို့ မသေတာ.... ငါဆို နှလုံးရောဂါတွေပါ ရကုန်တယ်...

သူများတွေကတော့ ပြောကြပါတယ် ကျားကြီးရေသောက်တဲ့...

ငါတို့ကလှည့်ကြမှ ဟိုနွား ကောင်းမှုကြောင့် ကားကြီးရေသောက် ဖြစ်ကတည်းက အဲ့နွားကို ကားထပ်မမောင်းခိုင်းတော့တာ...."

ထိုအကြောင်းကို အခုမှသိသည့် ပိုင်ကြီး နှင့် ကာလာ တို့ကတော့ ထိုင်ခွီနေလေသည်။

အကြောင်းသည်ကား "ကားကြီးရေသောက်" ဆိုသည့် စကားကို သဘောကျလို့တဲ့လေ။

"ကဲ.... ကဲ.... အဲ့ဒါဆိုလည်း ငါပဲ မောင်းတော့မယ်...."

"ခရီးက ဝေးတာကို အချစ်ပင်ပန်းမှာပေါ့လို့...."

ဖူဂျီတောင်ဂိုဏ်းဝင်များWhere stories live. Discover now