ဒေါက်.... ဒေါက်.... ဒေါက်....
ကာလာ တစ်ယောက် တံခါးအား ဆက်တိုက်ခေါက်နေသော်လည်း အခန်းထဲမှ မည်သည့်အသံမျှ ပြန်ထွက်မလာ၍ စိတ်ပူသွားကာ အကိုလေး ၏ အခန်းထဲသို့ အကိုလေး ၏ ခွင့်ပြုချက်ကို စောင့်မနေတော့ဘဲ ဝင်သွားလိုက်သော်.....
အခန်းထဲရှိ ကုတင်ပေါ်တွင် စောင်ပုံလေးကြားထဲ၌ ပုစွန်ထုပ်လေး ကွေးနေသကဲ့သို့ ကွေးကွေးလေး အိပ်နေသည့် အကိုလေး.....
ထိုမှသာ ပူနေသည့် စိတ်တို့အား ဒုန်းဒုန်းချကာ စိတ်အေးရတော့သည်။
နေပါဦး.... အကိုလေးကို ဘာလို့ အဲ့သလောက်တောင် စိတ်ပူနေရတာလဲ....
ဘာကြောင့်ရယ်လဲမသိ... အိမ်ရှင်လေးယောက်ထဲတွင် အကိုလေး နွားထီးကိုတော့ မြင်မြင်ချင်းပင် ကျန်သုံးယောက်ထက် ပို၍ ခင်တွယ်ကာ သံယောဇဉ်ဖြစ်မိသည်။
သို့သော် အကိုလေးကို နှိုးရမည်က တာဝန်မလား.... ထို့ကြောင့် နွားထီး အကိုလေး အိပ်နေသည့် နားသို့ သွားကာ ကုတင်နားတွင် ထိုင်ချလိုက်ပြီး နီတာရဲအကိုလေး ၏ နှာထိပ်လေးကို လက်လေးဖြင့် တို့ထိ တို့ထိ လုပ်နေကာ အရင်နှိုးမိသည်။
သို့သော် အကိုလေးကတော့ လှုပ်တောင် မလှုပ်လာသေးချေ။
အမှန်တိုင်းပြောရလျှင် အကိုလေးကို နှိုးဖို့အတွက် အနည်းငယ်တော့ တွန့်ဆုတ်မိလေသည်။ ဘာလို့ဆို အကိုလေး က ကာလာ ကြောင့် အိပ်ရေးပျက်သွားမည်ကို မလိုလားပေ။
ထို့ကြောင့် အသံဖြင့် နှိုးမိလိုက်သည်။ သို့သော် အသံကိုတော့ အရမ်းမကျယ်ရဲပေ။ တော်ကြာ အကိုလေး လန့်သွားမှဖြင့်....
"အကိုလေး.... အကိုလေး...."
အကိုလေး ဟု ဆက်တိုက်ခေါ်ကာ နှိုးနေသော်လည်း နိုးမလာသေးချေ။
တကယ်ပါ။ အကိုလေး အသက်ရှိသေးရဲ့လားဆိုပြီး နှာခေါင်းနားကို လက်ဖြင့်စမ်းကြည့်သေးသည်။ တော်ပါသေးတယ်။ အသက်ရှူနေသေးသည်ဆိုတော့ အသက်ရှိသေးလို့ပင်။
အကိုလေး ဟု ခေါ်၍ နှိုးလို့ မရသောကြောင့် နောက်တစ်မျိုး ပြောင်း၍ ခေါ်ရလေသည်။
YOU ARE READING
ဖူဂျီတောင်ဂိုဏ်းဝင်များ
Humorလွန်းစေကကြိုး လွှမ်းအာဏာပြင် Candyချိုမွှေး နန်းကလျာဏီ