ပထမဆုံး မိတ်ဆက်ရရင်တော့ ကျွန်တော့် နာမည် က လွန်းစေကကြိုး ပါ။
နာမည်ကြားလို့ အောက်ထပ်ကို မပို့လိုက်ပါနဲ့။ ကျွန်တော်က အပေါ်ထပ်မှာပဲ နေမှာပါ။ ဟုတ်ကဲ့။
Candyချိုမွှေး - ဘာလဲ အပေါ်ကနေ မြင်းစီးမလို့လား...။
လွန်းစေကကြိုး - ရှက်အပ်...။
ဟဲဟဲ.... ပြန်ဆက်တာပေါ့ဗျာ...။ ကျွန်တော်က အခုကျောင်းပြီးလို့ မိဘလုပ်စာထိုင်စားနေပါတယ်။
နောက်ပြီး ကျွန်တော်က ဆစ်ဂနယ်လေးပါ။
နန်းကလျာဏီ - ဟဲ့ စင်ဂယ်...။
လွန်းစေကကြိုး - ဪ... အေး မှားလို့ ဟဲဟဲ....။
ကျွန်တော်က စင်ဂယ်လေးပါ။ ဘယ်လိုတောင် စင်ဂယ်ဖြစ်သလဲ ဆိုရင် လာကြိုက်မယ့်လူ တစ်ယောက်မှ မရှိပါဘူး။ ဈေးဗန်းခင်းတာ။ ငါ့လာ ကြိုက်ကြ။
ကျွန်တော်က စင်ဂယ် ဆိုပြီးတော့ အထင် မ small လိုက်ပါနဲ့။ ကျွန်တော့် လင်က စစ်ထဲဝင်နေလို့ပါ။
*ဘေးနားတွင်ထောင်ထားသော ဂျောင်ဟိုဆော့ ၏ ပုံကိုကြည့်ကာ....
လွန်းစေကကြိုး - မြန်မြန်ပြန်လာတော့နော် ကိုကိုဟိုဘီ.... ကလေးက လွမ်းနေပြီ။
လွှမ်းအာဏာပြင် - လင်တရူး....။
လွန်းစေကကြိုး - ငါ့လင်ကို ငါရူးတာ ဘယ်သူ့ ဂရုစိုက်ကမှာလဲ... ဟွန့်....။*
ခုနက ကျွန်တော် ပြောခဲ့တဲ့ မိဘလုပ်စာ ထိုင်စားနေတယ်ဆိုပြီး ကျွန်တော့်ကို အလုပ်မရှိ အကိုင်မရှိမထင်လိုက်ပါနဲ့။
ကျွန်တော့်မှာ အလုပ်ရှိပါတယ်။ တစ်ခုပါပဲ အကိုင်မရှိတာပါ။ ဟုတ်ကဲ့။
ကျွန်တော် က wattpad မှာ စာရေးပါတယ်။ ဒါကတော့ ကျွန်တော် ဆယ်ကျော်သက်ကတည်းက စာရေးချင်တဲ့ အိပ်မက်လေးကို အကောင်အထည် ဖော်ခွင့်ရခဲ့တာပေါ့ဗျာ....။
အင်း.... ကျွန်တော့် ကလောင် နာမည်ကတော့ "ဖူဂျီတောင်ဂိုဏ်းဝင် နွားထီးကြီးပါ..."
အဲ့ကလောင် နာမည်ဖြစ်လာတာကလည်း ရာဇဝင်နဲ့ပါ။ ပြောပြန်ရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်ပေမယ့် ပြောလိုက်ပါတော့မယ်။
ရည်းစားမရှိဘဲ အထီးကျန်နေတဲ့ ကျွန်တော့်ဘဝထဲကို ဝင်လာခဲ့တဲ့သူမ....
အဲ.... အဲ.... ခဏနေဦး "သူမ" ဆိုလို့ ကျွန်တော့်ကို အဖြောင့်ထင်နေဦးမယ်။ ကျွန်တော်က ဂျယ်လီပေတံ ကြီးပါဗျ။ ယောက်ျားလေးဖြစ်ဖြစ် ၊ မိန်းကလေးဖြစ်ဖြစ် ချောရင် ကျွန်တော့်လင် ၊ ကျွန်တော့်မယား ပါပဲဗျ။
ဇာတ်လမ်းကို ပြန်ဆက်ကြတာပေါ့။
သူမ ကတော့ အခြားသူမဟုတ် ကျွန်တော့် စီနီယာမမ ဖြစ်ပြီး ကျွန်တော့်ကို ကြိုက်နေကြောင်း လာဖွင့်ပြောလေတယ်။
ကျွန်တော်ကလည်း ယောက်ျားလေးဆိုတော့ မူရတာပေါ့ဗျာ။ အဲ့တာနဲ့ တစ်ခါတည်း အဖြေပေးခဲ့လိုက်ပါတယ်။
နောက်ပြီး အဲ့မမ မှာက ဗိုက်ခေါက်လေးလည်း ရှိတယ်ဗျ...။
အင်း.... ချစ်စ ခင်စ ကြင်နာစ မလို့လားမသိ။ အဲ့ ဗိုက်ခေါက်လေးကပဲ အသက်လေးဗျ....။
ကျွန်တော်တို့ တွဲပြီး တစ်လလောက်ကြတော့ အကိုကြီးတစ်ယောက်က ရောက်လာပြီး သူအဝေးမှာ ရှိနေတုန်း သူ့မိန်းမကို စောင့်ရှောက်ပေးတဲ့အတွက် ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်တဲ့လေ။
တကယ်ဆို ကျွန်တော် အဲ့အကိုကြီးကိုလည်း မမြင်ဖူးပါ။ ပိုဝေးတာက သူ့မိန်းမ ဘယ်သူမှန်းတောင်မသိတာပါ။
ဒါပေမယ့် စကားပြောနေရင်း အဲ့အကိုကြီး အနောက်ကနေ ကျွန်တော့် မမ ထွက်လာတယ်လေ။
အဲ့တော့ သူပြောတဲ့ သူ့မိန်းမဆိုတာ ကျွန်တော့် မမ တဲ့လား...။
နောက်တော့ ပြောပြလာသည်က အဲ့အကိုက မူဆယ်ဘက် အလုပ်သွားလုပ်ချိန် အမစီမှာ ကိုယ်ဝန်နှစ်လ ရှိနေကြောင်းကို သိလိုက်ရတယ်တဲ့။ အကိုက ပြန်မလာရင် လှည်းကြိုးထမ်းခိုင်းဖို့ လူရှာတော့ ကျွန်တော့်ကို တွေ့သည်တဲ့လေ။
အဲ့ကနေ ကျွန်တော်နဲ့ တစ်လတွဲပြီးချိန်မှာ အကိုက ပြန်လာတော့ သူနဲ့ မင်္ဂလာဆောင်တော့မယ်တဲ့လေ။
တကယ်တော့ ကျွန်တော် ဗိုက်ခေါက်လေးက အသက် ဆိုပြီး ချစ်ခဲ့တာက ကိုယ်ဝန်သုံးလ တဲ့လားဗျာ....။
အဲ့ကိစ္စကနေပြီးတော့ ကျွန်တော့်မှာ ရလာတဲ့ နာမည်ပြောင်က "နွားထီး" တဲ့လေ။
ဒါကတော့ ကျွန်တော် ရဲ့ နွားဖြစ်ခဲ့စဉ်လေးပေါ့။ ဒါပေမယ့် ကျွန်တော့်ထက် နွားပိုကျတဲ့ နွားစီနီယာ ရှိသေးတယ်ဗျ။
သူ့နာမည်က လွှမ်းအာဏာပြင်.....
ဆက်ရန်ရှိသည်.......
..................
Lavender June💜