Part - 1 ❤️🩺

8.8K 172 10
                                    

(Unicode)

"အရေးပေါ်လူနာတင်ကားလာသံတွေကျွန်မကြားနေရတယ် သေချာပါတယ် ကျွန်မဘ၀ရဲ့ နောက်ဆုံးအချိန်ကိုရောက်တော့မယ်။"
.
.
.
.
.
(လွန်ခဲ့သောတစ်နှစ်ခန့်က)
.
.
.
"စုမြင့်မိုရ်သွယ်ရေ ထမင်းစားကျောင်းဆင်းရင် ငါသန့်စင်ခန်းသွားမလို့ အဖော်လိုက်ခဲ့ပေးပါနော်"
"အေးပါ....ငါလိုက်ခဲ့ပါ့မယ် ကြာတော့မကြာနဲ့နော် ငါထမင်းစားရင်တော်တော်နဲ့မပြီးတာနင်သိတယ်မလား"

"ထမင်းစားမပြီးတာလား တစ်ယောက်သောသူကိုတွေ့ချင်တာလား"

ကျွန်မသူငယ်ချင်း ဂျူဂျူ ပြောတဲ့စကားကို ကျွန်မကြားပြီး ရှက်လာတယ်။သူပြောတာလဲမှန်ပါတယ်လေ ကျွန်မက သူ့ကိုချစ်မိနေတာကိုး။

"ဟဲ့......အမလေး စုရယ်ညည်းကလဲ ညည်းဟာအကြောင်းပြောတာနဲ့ အတွေးတွေနယ်ချဲ့လိုက်တာနော်။လိုက်မှာလားမလိုက်ဖူးလား။"

"အဲ့တာကဟိုလေ.....ဟိုဟာ..."

"ကဲ...မယ်မင်းကြီးမ..ညည်းမလိုက်ချင် နန္ဒာ ကိုခေါ်သွားမယ်"

"ဟုတ်ကဲ့....ကျေးဇူးပါရှင့်"

"အမလေးတော်.....ယဉ်ကျေးနေလိုက်တာများ..အေးပေါ့လေ...အချစ်နဲ့တွေ့တော့လဲနူးညံ့တာပေါ့"နောက်ဆုံးတော့ မုန့်စားဆင်းပြီ။ကျွန်မသူငယ်ချင်းနှစ်ယောက်ကတော့ သန့်စင်ခန်းအတူသွားကြတာပေါ့။ကျွန်မကတော့ တစ်ယောက်ထဲကျန်ခဲ့တယ်။

နောက်ဆုံးတော့သူရောက်လာပါပြီ။ကျွန်မရဲ့တစ်ဦးတည်းသောချစ်သူ (၁၀)တန်းရောက်မှရည်းစားထားရလို့လားမသိ အရမ်းတွေရင်ခုန်တာတော့အမှန်ပင်။

"ဟိတ်....ကောင်မလေး
ဘာတွေတွေးနေတာလဲ ကိုယ့်ကိုပြောပြပါအုံး"

"ဟို....ဘာမှမတွေးပါဘူး...ဆရာမပေးလိုက်တဲ့အိမ်စာအကြောင်းတွေးနေတာပါ။အိမ်စာတွေကများတယ်လေ။"

"စုကကွာ.....ကိုယ်နဲ့တွေ့ချိန်တော့ စာကိုမေ့ထားလေ"
"မေ့လို့မှမရတာ...စုတို့အရွယ်ကစာကြိုးစားရမှာလေ"

"ကဲ......နှမတော်ပြောတာနဲ့တင် ဒီကမောင်ကြီးက စာမလုပ်တဲ့ပုံပေါက်နေပြီ"

"အဲ့လိုလဲမဟုတ်ပါဘူး"

"ကဲပါ......ထမင်းစားကြမယ်လေ"

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now