Part - 21 ❤️🩺

1.9K 70 4
                                    

(Unicode)

စုတို့သူငယ်ချင်းသုံးယောက် တစ်ခန်းထဲမအိပ်တော့ဘဲ အခန်းခွဲအိပ်လိုက်ကြတယ်။

မနက်မိုးလင်းတော့ ဂျူဂျူတစ်ယောက် စုရဲ့အခန်းရှေ့မှာ မတ်တပ်ရပ်စောင့်နေတယ်။ဒါကိုနန္ဒာကမြင်တော့

"ဟဲ့ ဂျူဂျူ နင်ဘာလို့စုအခန်းရှေ့ကြီးမှာရပ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး။သူ့အခန်းထဲမှာ ငါ့ပစ္စည်းလေးများကျန်ခဲ့သလားလို့...."

"ဘာပစ္စည်းလဲ........."

"အာ......ဟိုဟာ........"

"ပြောမနေနဲ့တော့ နင့်အကြောင်းမသိရင်ခက်မယ်။ပြီးမှ အေးအေးဆေးဆေး ချော့လိုက်"

"အေးပါဟယ်"

"အခုလောလောဆယ် မီးဖို‌ေချာင်မှာငါ့ကိုလိုက်ကူညီပေးဦး"

"အေးပါ....."

နန္ဒာတို့ နှစ်ယောက်မနက်စာပြင်ပြီးသည်အထိ စုမနိုးသေး။ဒါကြောင့် ဂျူဂျူကစုကိုနှိုးပြီး ချော့ရန်ပြင်လိုက်သည်။

*ဒေါက်.....ဒေါက်......*

"စုရေ ထတော့လေ ငါတို့တောင်မနက်စာပြင်ပြီးနေပြီ"

"အင်း........လာပြီ"

စုတစ်ယောက် အိပ်ချင်မူးတူးနှင့် တံခါးဖွင့်ပေးလိုက်သည်။

"ဂျူဂျူ......"

"အေး.....ငါနင့်ကို ပြန်လာချော့တာ လက်ခံ....."

"အောင်မယ် နင်ကများ.....ငါလဲ နင်ချော့တာလက်ခံပြီး ဆက်ဒုက္ခပေးဦးမှာ....."

"အဲ့တာဆို ကြေပြီနော်...."

"အင်း....."

စုတို့ နှစ်ယောက်ပြန်တည့်သွားကြတော့ နန္ဒာကတော့ပြုံးပြီးသာကြည့်နေတော့သည်။

"စု နင်ဘာလို့ အိပ်ယာထတာ နောက်ကျနေရတာလဲ"

"ဟို.....ညက ငါ မ နဲ့စကားပြောတာ ၁နာရီမှအိပ်ပျော်သွားတာ"

"အေးအေး နင်လဲလေ ကျန်းမာရေးဂရုစိုက်ဟဲ့"

"အေးပါဟယ်....."

နန္ဒာကတော့ သူတို့နှစ်ယောက်ကို ကြည့်နေရုံပဲတတ်နိုင်တော့သည်။

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now