Part - 7 ❤️🩺

2.8K 102 4
                                    

(Unicode)

စာမေးပွဲနားနီးတော့ ကျွန်မတို့သူငယ်ချင်းတွေ ဂျူဂျူ့အိမ်မှာ စာစုကျက်ကြတယ်။စာမေးပွဲသာနီးနေတာ ကျွန်မစိတ်တွေဟိုလွင့်ဒီလွင့်ဖြစ်နေတယ်။ဂျူဂျူနဲ့နန္ဒာကတော့ စာတွေအကုန်ပိုင်နေတဲ့ပုံပဲ။မမသွယ်ကတော့ စာကိုပဲအာရုံစိုက်ဖို့ပြောတယ်။အဲ့တာကြောင့်လဲ မမသွယ်ကစာစုကျက်ဖို့ ခေါ်လိုက်တာတဲ့။

"မမပြောစရာရှိတယ်...."

"ဟုတ်ကဲ့ပြောလေ မမရဲ့"

"မင်းတို့ စာမေးပွဲဖြေပြီးရင် မမရှမ်းပြည်ဘက်ကို လိုက်ပို့ပေးမယ်"

"တကယ်လား မမ"

"တကယ်ပေါ့ ဂျူဂျူရဲ့ နန္ဒာကရော လိုက်မှာမလား"

"ဟုတ်ကဲ့ လိုက်မှာပေါ့ မမရဲ့"

"အဟမ်း အဟမ်း......ဟိုကလေးမကရော"

"ဟဲ့......စု မမပြောနေတာနင်ကြားလား"

"ဘာပြောတာလဲဟင်"

"ဟာ.....ဒီနွားမကတော့"

"ကဲပါ ဂျူဂျူရယ် မမထပ်ပြောပြလို့ ပင်ပန်းတာမှမဟုတ်တာ.....ဒီလိုကွာ ကလေးမတို့ စာမေးပွဲပြီးရင် မမက ခရီးအတူတူထွက်မလို့ အဲ့တာကလေးမတို့ လိုက်မလားလို့မေးတာ"

"အဲ့တာ...စု‌အမေ့ကိုမေးကြည့်မယ်လေ စုပြီးမှပြန်ပြောမယ်"

"ဟုတ်ပါပြီကွယ်...."

"ကဲ....စာကျက်ကျတော့ စာမေးပွဲဖြေဖို့ နှစ်ရက်ပဲလိုတော့တယ်.......ဒါနဲ့ ဟိုကလေးမ စာကိုအာရုံစိုက် အခြားတွေးမနေနဲ့"

"ဟုတ်ကဲ့ မမသွယ်"
.
.
.
.
.
ကျွန်မ ကလေးမကို စကားပြောပြီး အိပ်ခန်းထဲ၀င်လာလိုက်တယ်။ကလေးမရယ် ဘာတွေများအဲ့လောက်ခံစားနေရတာလဲကွယ်။စာမေးပွဲဖြေပြီးရင် ကလေးမနဲ့ခရီးအတူထွက်မယ်။နောက်ကျရင် ကလေးမကို ဖွင့်ပြောမယ်။အခုတော့ ကလေးမရဲ့ အနာဂတ်လေးလှပဖို့ကြိုးစားပါအုံးနော်။
.
.
.
.
.
မမသွယ်ကငါ့ကိုအရမ်းဂရုစိုက်တာပဲ။မမသွယ်သာ ငါ့အပိုင်‌ဖြစ်လာရင်ကောင်းမှာ။အို......မဟုတ်သေးပါဘူး။မမသွယ်က ငါ့ကိုညီမလိုသဘောထားတာ နောက်ပြီး ငါ့ဆီကို ကိုကပြန်လာအုံးမှာ။ကို့ ကိုစောင့်ရအုံးမယ်။အခုတော့ ဒီစာမေးပွဲအတွက် အားစိုက်ထားမယ်။ငါ့အမေက ငါ့အပေါ်မျှော်လင့်ချက်ထားထားတာ။အမေ့မျှော်လင့်ချက်ကိုရိုက်ချိုးလို့မဖြစ်ဘူး။ဖိုက်တင်း......သဲသဲရေ။နင်ကြိုးစားရမယ်။
.
.
.
.
.
ဘာလိုလိုနဲ့ကျွန်မတို့စာမေးပွဲဖြေလာတာ မနက်ဖြန်ဆိုပြီးပြီ။ချစ်ရသူတစ်ယောက်ရော ဖြေရတာအဆင်ပြေရဲ့လားမသိ။ဖြေနိုင်မှာပါလေ သူက‌စာတော်တာကိုး။

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now