Part - 16 ❤️🩺

2.2K 87 6
                                    

(Unicode)

သူဇာသွယ်တစ်ယောက်ကတော့ အဖြစ်အပျက်အားလုံးကိုမြင်ပြီး စုကိုသနားနေမိသည်။စုအဖေပြန်သွားတာနဲ့ သူဇာသွယ်တို့သုံးယောက် ချက်ချင်းထွက်လာပြီး စုကိုနှစ်သိမ့်ကြသည်။

"ကလေးမ ဘာမှ အားမငယ်နဲ့နော် ကလေးမအနားမှာ တို့သုံးယောက်ရှိတယ်"

"မမပြောတာမှန်တယ်စု နင့်အနားမှာ ငါရော ဂျူဂျူတို့ညီအစ်မရောရှိနေပေးတာ အားမငယ်နဲ့နော်"

"အင်းပါ....ငါအားမငယ်ပါဘူး။ငါ....အမေ့ကိုသတိရရုံပါ အမေသာရှိရင် အဲ့မိန်းမ ငါ့ကိုအဲ့လိုဆက်ဆံတာကို အမေရယ်တော်တော် ဒေါသထွက်မှာ....ဟင့်...."

"မငိုပါနဲ့ ကလေးမရယ်......"

"............"

ချော့လေ ငိုလေဖြစ်နေသော ကလေးမကိုကြည့်နေရင်း သူဇာသွယ်တစ်ယောက်၀မ်းနည်းနေမိသည်။ဒါကြောင့် ကလေးမပျော်အောင် စဉ်းစားရင်း

"ဒီလိုလုပ်ပါလား မနက်ဖြန် တို့တွေပျော်ပွဲစားထွက်ကြမယ်လေ။ကလေးမလဲ စိတ်ပြေလက်ပျောက်ဖြစ်တာပေါ့"

"ဟုတ်ကဲ့ မမသွယ်"

"ကဲ.....အဲ့တာဆို ဂျူဂျူတို့ နန္ဒာတို့ စုအနားမှာ ခဏစောင့်ပေးကြ မမ ညစာအတွက်သွားပြင်လိုက်ဦးမယ်"

"ဟုတ်ကဲ့ပါ...."

မမသွယ်ညစာပြင်ပြီးတော့ ကျွန်မတို့ကိုလာခေါ်တယ်။ဂျူဂျူနဲ့နန္ဒာကတော့ ညစာစားပြီးတော့ ရုပ်ရှင်ကြည့်နေလေရဲ့။ကျွန်မကတော့ စိတ်ပင်ပန်းတာနဲ့ ကျွန်မအခန်းထဲကို၀င်ပြီး အိပ်ယာပေါ်ပြစ်လှဲလိုက်တယ်။ကျွန်မအမေ့ကိုအရမ်းလွမ်းတာပဲ။အဖေ့ကိုလဲစိတ်နာမိတယ်။ကျွန်မမျက်ရည်တွေ အလိုလိုကျနေမိသည်။

"ကလေးမ......"

မမသွယ်ရဲ့အသံကြားတော့ ကျွန်မမျက်ရည်တွေကိုချက်ချင်းပင်သုတ်ပြစ်လိုက်သည်။

"ကလေးမရယ် စိတ်တွေဘယ်လောက်တောင်မွန်းကြပ်လိုက်မလဲကွယ်.......တို့နားလည်ပါတယ်ကွယ်"

"မမသွယ်ရယ်.....စုအရမ်းပင်ပန်းတာပဲ.....ဟင့်.....စုလေ ဖြစ်နိုင်ရင် အမေ့နောက်လိုက်သွားချင်တယ်....ဟင့်"

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now